နေရီဖျိုးဖျကိုကျော်လွန်ခဲ့ပြီ ။ အမှောင်သမ်းရုံမက ညဦးဘက်သို့ရောက်လာသည်မို့ နေအလင်းကလုံးလုံးပျောက်၍မလှမ်းမကမ်းလမ်းမကြီးထက်က မီးပွင့်လေးတွေတစ်လုံးစနှစ်လုံးစလင်းလာသည်ကိုဖျိုးကနဲဖျတ်ကနဲမြင်နေရသည် ။
ဆောင်းဟုအချက်ပေးသံကိုသယ်ဆောင်လာသည့် လေပြေနုကစိမ့်စိမ့်အေးလျက် ။ ဖွင့်ထားသည့်ကားတံခါးမှခြေတွဲလွဲချထိုင်နေရင်း အေးစပြုလာသည့်လက်ဖျားလေးများကိုအချင်းချင်းဆုပ်နယ်မိသည် ။ ခေါင်းထက်မှာအုပ်မိုးနေသည့် ယူကလစ်ပင်ကြီး၏ပင်စည်ကအမှောင်ထဲမှာဖြူ ဖွေးဖွေး ။ ယူကလစ်ရွက်တွေကိုလေတိုးသံက တရှဲရှဲ။ သူလည်းအေးလို့ညည်းနေသလားထင်မိသည် ။
ချောက်ကနဲ သစ်ရွက်ခြောက်တွေကိုနင်းလာသည့်အသံ ။ အရိပ်တစ်ခုကကားကိုပတ်၍ Luhan ထိုင်နေသည့်ဘက်ကိုလျောက်လာနေသည် ။
'' အေးနေပြီလား . . ကားထဲမှာနေရောပေါ့ . .''
အရှေ့မှာအုပ်မိုးလာသည့်အရိပ်ကိုခပ်မော့မော့ငေးကြည့်နေမိဆဲ ။ လက်ထဲကိုရောက်လာသည့်စက္ကူ ဘူး ။
'' သောက်လိုက်ဦး နွေးသွားအောင် . . ''
နာခံသည်တော့မဟုတ်ပေမယ့် လုပ်စရာအလုပ်မရှိသဖြင့် စက္ကူ ဘူးငယ်၏ပိုက်မှ တစ်ငုံစာစုပ်ယူမိသည် ။ ပူနွေးစိမ့်မြရာမှတဖြည်းဖြည်းချင်းခါးသက်လာသောကော်ဖီအရသာ ။
တစ်ခါက သူဖျော်တိုက်တဲ့ကော်ဖီကို ကိုယ်သောက်ဖူးတယ်လေ ။ အခုတော့ သူဝယ်တိုက်တဲ့ကော်ဖီပေါ့ ။
'' အရမ်းနေမကောင်းတာမဟုတ်ပါဘူးလို့ မေမေကပြောပေမယ့် ဒီသုံးရက်လောက်အတွင်းကို Luhan ပိန်သွားတာပဲ . . အစားကောင်းကောင်းမဝင်လို့ထင်တယ်''
'' . . . . ''
ကားခေါင်မိုးကိုလက်ထောက်လျက် Luhanအပေါ်အုပ်မိုးငုံ့ကိုင်းကြည့်နေရင်း Sehun ကတစ်ယောက်ထဲရေရွတ်နေသလို တိုးမြမြစကားပြောနေခဲ့လေသည် ။
'' ကိုယ်. . မင်းနဲ့. . စကားပြောချင်တယ် Luhan ''
အရှေ့ကိုတိုးလာသည့်ဖိနပ်ထိပ်ဦးတစ်စုံက မျက်လွှာချထားသည့်မြင်ကွင်းတည့်တည့်မှာရပ်လာသည် ။
CZYTASZ
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်