အခန္း (၂၃)

8.9K 784 271
                                    

တစ်ခုသောဆောင်းဦးရာသီ၏ မနက်ခင်းဖြစ်ပါသည် ။ နှင်းမဆန်လှသောမြူမှုန်ငွေ့ငွေ့တို့အုံ့ဆိုင်း၍ နေရောင်ပျပျလင်းသာသော ။ လေပြည်နုနုချိုသွေး၍ တိမ်စိုင်တို့ ကောင်းကင်ပြင်၌ပန်းချီဆေးရေးဟန်စုတ်ချီကြသော ။

မနက်ခင်းတစ်ခု . . .

အခန်းတစ်ခုလုံး နှင်းဆီတို့ပွင့်နေရော့သလားမသိ ။ ပျံ့ပျံ့သင်းသောနှင်းဆီအနံ့ကတစ်ခန်းလုံးပြည့်ရုံမကလျှံ၍ပါကျနေခဲ့လေသည် ။

လေအနော့၌ တလွင့်လွင့်မြူ းနေသော ပြတင်းပေါက်ခန်းစီးဇာပါးလွှာက လိပ်ပြာတောင်ပံခတ်သည့်နှယ် ။

လေသူခိုးက ပြတင်းမှတဆင့် ခြေဖျားထောက်ချဉ်းနင်းလေ၏ ။ စိမ့်စိမ့်အေးလာသဖြင့် ခါးအထိလျောကျနေသော ခြုံလွှာကိုအသာဆွဲတင်သည် ။ ပခုံးထိအောင်ခြုံသည် ။ တဖက်ကိုလှည့်ကာ ပြန်ကွေးဖို့ပြင်သည် ။

ကုတင်စွန်းကိုတံတောင်ထောက်လျက် မေးတင်ကာ ငေးမောနေသော မျက်နှာတစ်ခုကိုတွေ့ရလေ၏ ။ ထင်း၍နက်တန်းသော မျက်ခုံးများ . . ရွှန်းပြက်တောက်ပစွာ စကားဆိုနေသည့် မျက်ဝန်းများ . . သွယ်၍ထင်းသောမေးရိုးခိုင်ခိုင်များ နှင်းဆီအသွေးနှင့် နှုတ်ခမ်းများကအဖျားစွန်းနှစ်ဖက်ကော့ညွှတ်အောင်ပြုံးနေခဲ့ကာ ။

လူချောကြီးတစ်ယောက်ပါလားလေ . . ဘယ်ဘုံနန်းကများ နတ်သူငယ်တောင်ပံကျိုးလို့ ကိုယ့်အိပ်ယာဘေးပြုတ်ကျလာပါလိမ့် . .

'' နိုးပြီဆိုရင်လဲ ထတော့လေ . . . ''

'' . . . . . . ''

'' . . . ကိုယ့် Hanကလေး . . . ရဲ့ . . ''

နှလုံးအိမ်အထိရိုက်ခတ်သော ပီတိတစ်မျိုးကိုခံစားလိုက်ရပါ၏ ။ မျက်လုံးများကိုပြန်မှိတ်သည် ။ လူကတော့ ပြုံးပြုံးကလေးဖြစ်နေသည် ။

အို . . အိပ်မက်ဆိုရင်လဲ ပြန်မနိုးပါနဲ့တော့ကွယ် . .

ဒီ . . အိပ်မက်လေးနဲ့ ဒီခေါ်သံလေးကိုသာ မဆုံးတမ်းကြားနေပါရစေတော့ . . .

အချစ်၏နာမတော်အားဖြင့်||completed||Kde žijí příběhy. Začni objevovat