Canadaနိုင်ငံ...
Ottawaမြို့....
လူဦးရေ950,000ခန့်ရှိသည့် မြို့ကလေးတွင်...
အချိန်အားဖြင့်...မနက်8:37မိနစ်ခန့်အချိန်ဝယ်.....
ကားများစွာပြေးလွှားနေသည့်...လမ်းမကြီးရဲ့..
ဘေးတစ်ဘက်က....မေပယ်သစ်ပင်များစွာ...
စီတန်းပေါက်ရောက်နေသည့်...လမ်းမဘေးတွင်...
မာဖလာအညိုရောင်လေးအား...လည်ပင်းတွင်ပတ်လျက်...ဆောင်းရဲ့ အအေးဒဏ်ကြောင့်...နှာတရှုံရှုံ့ဖြင့်...ကုတ်အင်္ကျီအရှည် အညိုလေးဖြင့်...ကောင်လေးတစ်ယောက် မတ်တတ်ရပ်နေတယ်....မေပယ်အပင်အားမော့ကြည့်လိုက်..
ကောင်းကင်ကြီးအားမော့ကြည့်လိုက်ဖြင့်..
ထိုကောင်လေးရဲ့ မျက်ဝန်းအစုံဟာ..ပြေးလွှားလျက်..
သိပ်မကြာလိုက်ပါ...
မေပယ်အပင်မှ..ပထမဆုံးမေပယ်ရွက်တွေ..
ကြွေကျလာတော့တယ်...
ကောင်လေးဟာ...လက်အစုံကို လေထဲဝှေ့ရမ်းရင်း...
မေပယ်ရွက်တစ်ရွက်ကို ဘယ်လက်ဖြင့် ဖမ်းဆုပ်လိုက်တယ်...ခနအကြာမှာပဲ...
ဆောင်းရဲ့...လှပသော နှင်းတွေဟာ..ကျဆင်းလာပြန်တယ်...နှင်းတွေကိုမြင်တော့...
ကောင်လေးဟာ နှစ်ခြိုက်စွာ...
သွားတန်းလေးတွေ ပေါ်လွင်နေအောင်..
ပြုံးပြီး ညာလက်ဖြင့် နှင်းစက်ကလေးတွေအား
ဖမ်းဆုပ်နေတယ်..."ငါတို့ ပြန်ဆုံတွေ့နိုင်မှာပါနော်...
ဒီတစ်ခေါက်တော့...
သေချာပေါက်...ပြန်ဆုံနိုင်မယ်လို့..
ငါယုံကြည်နေတယ်...Niel.."အရောင်လဲ့နေသော မျက်ဝန်းများ တောက်ပလျက်
ကောင်းကင်ပြာပြာအား မော့ကြည့်ကာ လှပသော အပြုံးတစ်ခုအား ပန်ဆင်ထားသော ကောင်လေး.....Ottawaမြို့ရဲ့ လမ်းကြားလေးထဲ..
ပြေးလွှားနေသော စက်ဘီးလေးတစ်စီး...
ထိုစက်ဘီးလေးဟာ အထပ်ပေါင်းများစွာသော
တိုက်တွေကြားမှ အုတ်အညိုရောင်6ထပ်တိုက်လေးရှေ့
ရပ်တန့်သွားတယ်...
စီးနင်းလာသော စက်ဘီးအပြာလေးအား...
တိုက်ခန်းရဲ့..အောက်ထပ်တစ်နေရာတွင် ရပ်ကာ သော့ခတ်လိုက်ပြီး...သူ့အခန်းလေးတည်ရှိရာ...
၎လွှာအား ပြေးတက်သွားလိုက်တယ်...