ဟိုတစ်နေ့က SeongWuနဲ့ တွေ့ပြီး ပြောခဲ့တဲ့စကားတွေကို Danielပြန်တွေးနေမိတယ်
သူ့စကားတွေကို ယုံသင့်လား? မယုံသင့်ဘူးလား?
သူမတွေးတတ်တော့....
ဒီကိစ္စတွေရဲ့ အဖြေကို ပေးနိုင်သူကတော့ သူ့ရဲ့အမေပဲ....Danielချက်ချင်းပဲ ရုံးခန်းထဲက ထွက်ကာ ကားပါကင်ဆီသို့သွားပြီး ကားလေးနဲ့ ထွက်လာခဲ့တယ်...
ဦးတည်ရာနေရာက သူ့အမေရဲ့ အိမ်တော်ဆီ...မြက်ခင်းပြင်စိမ်းစိမ်းတို့နဲ့ ပနံသင့်စွာ တည်ရှိနေတဲ့ လမ်းရှည်ရှည်ဟာ ခြံဝန်းတစ်ခုရဲ့ အတွင်းမှာတည်ရှိနေတယ်...
ထိုလမ်းအတိုင်း ကားလေးကို မောင်းဝင်လာတော့ အဖြူရောင်တိုက်အိမ်ကြီးက ဆီးကြိုနေတယ်....ကားကို အိမ်ရှေ့ခြံဝန်းထဲရပ်လိုက်ပြီး ခပ်မြန်မြန်ပဲ အိမ်ထဲကို ပြေးဝင်လိုက်ပြီး အမေဖြစ်သူ ရှိရာ စာကြည့်ခန်းကြီးဆီ ပြေးတက်သွားလိုက်တယ်...
လှေကားအတိုင်း တက်လာပြီး အပေါ်ထပ် ရောက်ရင် ပထမဆုံး တွေ့မြင်ရမယ့်အခန်းက သူမရဲ့ စာကြည့်ခန်းပေါ့.....
စာကြည့်ခန်းထဲဝင်သွားတော့ သူမက ခုံမှာထိုင်နေပြီး လက်ထဲက ဓာတ်ပုံတစ်ပုံကို ပြုံးကာ ကြည့်နေတယ်....
Danielကို မြင်တော့ ပုံကို စားပွဲအံဆွဲထဲ ထည့်သိမ်းလိုက်ပြီး မျက်နှာတည်တည်နဲ့ ပြောလာတယ်...."ဘာကိစ္စရှိလို့လဲ?"
"Omma...ကျွန်တော် တစ်ခုလောက် မေးစရာရှိလို့ပါ"
"ဘာကိုမေးချင်တာလဲ..."
''အမေ...အမေက သားအမေအရင်း ဟုတ်တယ်မလားဟင်"
"ဟား...ဟား..ဟား"
Danielစကားကြောင့် သူမ အသံကျယ်ကျယ်ထွက်ကာ ရယ်မိတယ်....
သူမတွေးလိုက်မိတယ်...ဒီကောင်လေး အမှန်ကို သိသွားလောက်ပြီ ဆိုတာကို....."အဲ့တာကို အခုမှသိရလား? ဟမ်...
ငါ့မှာတော့ 25နှစ်လုံးလုံး နင့်အမေဟန်ဆောင်ပြီး နေလာခဲ့ရတာ...ဒါပေမယ့် နေရကျိုး နပ်ပါတယ်..
အခုဆို ငါ့ဆီမှာ ပိုင်ဆိုင်မှုတွေ ရှိနေပြီလေ...
ငါ မင်းအမေအရင်းအဟုတ်ဘူး...Daniel"