မိသားစု(Final)

645 52 11
                                    



"သားNiel​ရေ....
ထ​တော့​လေ..အလုပ်​​စော​စောသွားရမှာ...
SeongWuလည်း ထ​တော့"

       အခန်းတံခါးကို ​ခေါက်​ကာ နှိုး​နေ​သော  အ​မေ​ကြောင့်​ Danielရင်​ခွင်​ထဲ အိပ်​​နေတဲ့ SeongWuနိုးလာတယ်​...

   
       ယခုဆို သူတို့ယူပြီးတာ တစ်​နှစ်​​ကျော်​ပြီ​လေ...
အ​မေက​တော့ ခွဲစိတ်​ပြီးကတည်းက ​ဒေါင်​​ဒေါင်​မြည်
အလုပ်​​တွေချည်း လုပ်​​နေ​တော့တာ...

"ကို....ထ​တော့ကွာ...
အ​မေ​တောင်​ လာ​အော်​သွားပြီ"

"ဟင့်​အင်း....ချစ်​ကလည်း ဒီ​နေ့အလုပ်​ မသွားပဲ​နေရ​အောင်​...ညက ပင်​ပန်းထားတယ်​"

"ဟာ...သွားကွာ...လူဆိုးကြီး
ညစ်​တီးညစ်​ပတ်​​တွေ ​ပြောပြန်​ပြီ..အဲ့ပါးစပ်​က"

       SeongWuက အရှက်​သည်းကာ Danielရင်​ဘတ်​ကို လက်​သီးနဲ့ ထိုးလိုက်​တယ်​...

"အား....ချစ်​ရယ်​...
အမှန်​​တွေ ​ပြော​နေတာကို ရှက်​စရာလား?
ဖြစ်​​နေကျ ကိစ္စ​တွေပဲကို...."

      ရင်​ခွင်​ထဲမှ​နေ၍ နှုတ်​ခမ်းဆူကာ ​ကောက်​​နေ​သော SeongWuကို Danielက နှာ​ခေါင်း​လေးအား ဆွဲညှစ်​ရင်း ​ပြော​တော့ ကိုယ်​​တော်​​ချောက ​စောင်​ကြီးပတ်​ပြီး ​အော်​ကာ ​ရေချိုးခန်းထဲ ​ပြေးဝင်​သွား​လေရဲ့....

"ဟား....ဟား....ချစ်​ဖို့​ကောင်းလိုက်​တာကွာ"

       ကုတင်​​ပေါ်မှာ ကျန်​ခဲ့တဲ့ Danielက​တော့ ​ပြေးသွားတဲ့  ပင်​လယ်​ဖျံ​ပေါက်​စကို ကြည့်​ပြီး ​အော်​ရယ်​​နေ​တော့တယ်​....










"အ​မေ....သားတို့ ​​နောက်​ရက်​ကျ
Ottawaကို တစ်​ပတ်​​လောက်​ သွားလည်​မလို့"

"အင်း....သွားချင်​လည်း သွားကြ​လေ...
အလုပ်​​တွေနဲ့ ရှုပ်​​နေတာ...စိတ်​အပန်း​ဖြေကြ​ပေါ့"

     Danielအ​ပြောကို အ​မေက လက်​ဖက်​ရည်​ဖသာက်​ရင်း လက်​မှာကိုင်​ထားတဲ့ Tabletထဲက စ​တော့​ဈေးကွက်​စာရင်း​တွေကို ကြည့်​​နေရင်း ပြန်​​ဖြေတယ်​....


"Omma........!!!"

''အို....အ​မေ့ သား​လေး...
လာ...လာ...သားကြိုက်​တဲ့ မုန့်​​တွေ လုပ်​ခိုင်းထားတာ"

        အိမ်​​ပေါ်ထပ်​က ​ပြေးဆင်းလာတဲ့ SeongWuက စား​သောက်​ခန်းထဲ ​ရောက်​လာတာနဲ့ Danielကိုပင်​ လျစ်​လျူရှုကာ အ​မေ့ကို ကပ်​ချွဲ​​နေတယ်​....

"အဟမ်း....အ​မေ...အ​မေ့သားက ​ယောကျာ်းရှိတယ်​​နော်​....က​လေး​လေးမဟုတ်​​တော့ဘူး"

       Danielရဲ့ သဝန်​တိုသလို အ​ပြော​ကြောင့်​ အ​မေက SeongWuရဲ့ ပါးပြင်​ကို နမ်းလိုက်​ကာ Danielကို စတယ်​....

"ဘာဖြစ်​လဲ...ကိုယ့်​သား​လေးပဲကို..."

"အ​မေ​နော်​...သား​လည်း အ​မေ့သားပါဗျ"

"ဟုတ်​ပါပြီ..လာပါအုံး...
ပါပီ​ပေါက်​ကြီးရဲ့....."

      အ​မေ့စကား​ကြောင့်​ Danielက ပြုံးစိစိနဲ့ ခုံမှ ထလာကာ အ​မေ့မျက်​နှာနား ပါးထိုး​ပေး​တော့ အ​မေက နမ်းလိုက်​တယ်​....

"အမယ်​​လေး....အ​မေ့သား​တွေက...
အခုမှ အ​မေ့ကို ကပ်​ချွဲ​နေကြတယ်​...."

         အ​မေက စ​နောက်​သလို​လေး​ပြော​တော့ သားနှစ်​​ယောကိဆီက ဆူ​အောင့်​​အောင့်​ အသံ​လေး ပြန်​လာတယ်​....

"အ​မေကလည်း......"

       ထိုမိသားစု သုံး​ယောက်​ရဲ့ အိမ်​​လေးထဲ ရယ်​သံ​လေး​တွေ ဖုံးလွှမ်း​နေ​တော့တယ်​.....




















ဇာတ်​သိမ်းပြီ....😴
Extra​ရောက်​မှ Ottawaသွားတဲ့
အပိုင်း ​ရေး​ပေးမယ်​..😄
Extra​တောင်းမှာကို ကြိုသိ​နေတယ်​😁

Maple Leaf (Completed)Where stories live. Discover now