Seong Wu's POVကျွန်တော်ငယ်စဉ်က Daeguမြို့မှာရှိတဲ့ မိဘမဲ့ကလေးကျောင်းမှာ နေခဲ့ရတယ်...
ကျောင်းက ဆရာမတွေပြောတာတော့ ကျွန်တော်က မွေးကတည်းက စွန့်ပစ်ခံခဲ့ရတာတဲ့...
ကျွန်တော့်မိဘတွေ သယ်သူဘယ်ဝါဆိုတာကိုတောင် မသိရဘဲ ကြီးပြင်းခဲ့ရတယ်....
ဒါပေမယ့် တစ်ခုတော့ ကံကောင်းတယ်ဗျ...မိဘတွေက
ကျွန်တော့်ကို စွန့်ပစ်ခဲ့ပေမယ့် နာမည်တစ်ခုနဲ့ မျိုးရိုးတော့ပေးခဲ့တယ်.....ကျွန်တော့်အသက်၁၆မှာ ကျောင်းကိုထောက်ပံ့ပေးတဲ့ သူဋ္ဌေးက ကျွန်တော့်ကို ပညာတော်သင်လွှတ်ပေးခဲ့တယ်...
ကျွန်တော် အလယ်တန်းအောင်ပြီး အထက်တန်းတက်မည့်အရွယ်မှာပေါ့....ဒီလိုနဲ့ ကျွန်တော့်ရဲ့ မွေးရပ်မြေDaeguနဲ့ ဆရာ ဆရာမတွေနဲ့ သူငယ်ချင်းတွေကိုခွဲပြီး Canadaဆိုတဲ့ နိုင်ငံကို ပညာတော်သင်သွားရတယ်....
ကျွန်တော် Ottawaဆိုတဲ့မြို့မှာ ကျောင်းတက်လာတာ 2လလောက်ရှိပြီ...
ခုထိ သူငယ်ချင်းမရသေးဘူး.....
ဒီကြားထဲ Maroဆိုတဲ့ Canadaသားတွေက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်သေးတယ်....တစ်ခါတစ်ခါဆို...ကျွန်တော့်ရဲ့ ပါဝါမျက်မှန်ကို ရိုက်ချိုးသေးတယ်....
အဲ့လိုအချိန်ဆို ကျွန်တော်အရမ်းဝမ်းနည်းမိတယ်
တော်သေးတာက ကျွန်တော်ငှါးနေတဲ့ ဘေးအိမ်က ဘွားဘွားက သူ့ph no.ပေးထားတာမို့ စမ်းတဝါးဝါးနဲ့ ဘွားဘွားဆီ ဖုန်းခေါ်ရတယ်...
ဘွားဘွားကလည်း မငြိုငြင်ရှာဘူး...
ကျွန်တော့်ကို လာခေါ်ပေးရှာတယ်...ကျွန်တော်ကျောင်းတက်တာ 3လလောက်ရှိပြီ...
တစ်ရက်...ကျွန်တော် ကျောင်းကိုသွားနေတဲ့ လမ်းမှာ Maroတို့အုပ်စု ကျွန်တော့်ရဲ့ အိမ်စာစာရွက်တွေ လုပြီးပြေးသွားကြတယ်...
ကျွန်တော်စိတ်ညစ်ညစ်နဲ့ ထိုင်ငိုနေမိတယ်...
အဲ့အချိန်မှာပဲ စက်ဘီးတစ်စီးနဲ့ ကောင်လေးတစ်ယောက် ကျွန်တော့်နားရောက်လာပြီး စကားပြောတယ်...
ကျွန်တော် သူ့ကိုမော့ကြည့်မိတဲ့ အချိန်ခဏလေးမှာပဲ ကျွန်တော် မှင်သက်သွားမိတယ်..
ယောကျာ်းတစ်ယောက်ဟာ ဒီလောက်ပင် ခန့်ညားစွာ ချောနိုင်သလားလို့တောင် တွေးမိတယ်...
ထိုသူကလည်း Koreaသားပဲ...
သူ့နာမည်က Kang Danielတဲ့လေ...
အရှင်းဆုံးပြောရရင် အဲ့နေ့က ကျွန်တော် ထိုလူသားက စချစ်မိတာပါပဲ....
အစကတော့ ကိုယ့်ကိုယ်ကို မယုံချင်ခဲ့မိဘူး...
တစ်နေ့ ဘေးခန်းက ဘွားဘွားနဲ့ စကားပြောမိတော့
ဘွားဘွားကပြောတယ်...
"အချစ်မှာ မျက်စိမရှိဘူး"တဲ့...
ဟုတ်ပါတယ်...အချစ်မှာ မျက်စိမရှိပါဘူး...
ကျွန်တော်သူ့ကို ချစ်ပါတယ်....