Ottawaမြို့ရဲ့...
526 S. Main Streetမှာရှိတဲ့...
High Schoolလေးရဲ့...
Libraryအတွင်းဝယ်....."Seong Wu...
မင်းစာတွေအရမ်းကြိုးစားတာပဲကွာ...
ခနလောက်...နားပါအုံး"Physic formularတွေကို Noteချရေးနေတဲ့ Seong Wuကို Danielက ရှေ့ခုံမှ ထိုင်ကြည့်နေရင်း ပြောတော့ Seong Wuက မော့ကြည့်လာတယ်...
"မင်းလည်းစာလုပ်ပါအုံးလား...Nielရယ်
ငါ့ကိုပဲ တစ်ချိန်လုံး ထိုင်ကြည့်မနေပါနဲ့လား...
Minhyunနဲ့JaeHwanတို့တောင် စာလုပ်နေကြတာကို..."Seong Wuစကားကြောင့် ဘေးနားက စာလုပ်နေကြတဲ့ နှစ်ယောက် ခေါင်းထောင်လာပြီး အကြောဆန့်နေကြတယ်...
Seong Wuနဲ့JaeHwanက စားပွဲတစ်ဖက်မှာထိုင်နေတာဖြစ်ပြီး Nielနဲ့ Minhyunတို့ကလည်း စားပွဲတစ်ဖက်မှာပေါ့...
(AN/ရေးထားတာ ရှင်းရဲ့လားဟင်😁)"ဟုတ်တယ်...Daniel...
မင်း libraryလာတိုင်း...
Seong Wuကိုပဲ...ထိုင်ကြည့်နေတာ..
စာလည်းမလုပ်ဘူး...အဲ့လောက်တောင်..
Seong Wuကို သဘောကျတာလား?"Minhyunစကားကြောင့် Seong Wuမျက်နှာလေး ပန်းရောင်သမ်းသွားတယ်....
Danielကတော့...ချောင်းတဟန့်ဟန့်ဖြင့်..
အရှက်ပြေ ခေါင်းကုတ်နေပြန်တယ်...
အရှက်သည်းနေတဲ့...ထိုလူသားနှစ်ယောက်ကို
JaeHwanက ကြည့်ကာ ရယ်ပြီး..."ဟား..ဟား..
ရှက်နေလိုက်ကြတာ..ကြည့်ပါအုံး...
မင်းတို့ တစ်ယောက်နဲ့..တစ်ယောက်..
ပွင့်လင်းသင့်ပြီလို့...ငါထင်တယ်နော်...
ငါတို့လိုမျိုးပေါ့..."Jaehwanက သူ့ရှေ့မှာ ထိုင်နေတဲ့...
Minhyunရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပြောတယ်..."ဘာ...ဘာတွေ လာပြောနေတာလဲ..
ငါ..မသိဘူး...ငါ..ငါ..ပြန်တော့မယ်"အရှက်သည်းပြီး...စာအုပ်တွေကို ကျောပိုးအိတ်ထဲ ထိုးထည့်ကာ Libraryထဲမှ ပြေးထွက်သွားသော Seong Wuကို Daniel တွေတွေလေး ငေးကြည့်နေမိတယ်...
သူတို့နှစ်ယောက်...ဟိုတစ်နေ့က ဆုံကတည်းက..
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး...Danielသူငယ်ချင်းတွေ ဖြစ်တဲ့...Minhyunနဲ့ JaeHwanတို့နှင့်ပါ Seong Wuခင်မင်ခဲ့တယ်..