"မင်းလည်း....ဘာမှမပြောင်းလဲသွားဘူးနော်
အိမ်ပုံစံအနေအထားကလည်း...အရင်အတိုင်းပဲ"Seong Wuတစ်ယောက်..Minhyunရဲ့
အိမ်ထဲ လှည့်ပတ်ကြည့်နေတယ်....
နှစ်ထပ်အိမ်ကလေးရဲ့...အောက်ထပ် ဧည့်ခန်းလေးအား လှည့်ပတ်ကြည့်နေရင်း....
Sofaများရဲ့ ဘေးတစ်ဖက်နားမှ...အလှပန်းအိုးတင် စင်ကလေးပေါမှ သစ်သားဘောင်ဖြင့် ပြုလုပ်ထားသော
ဓာတ်ပုံလေးအား လှမ်းယူပြီးကြည့်နေတယ်...."ဓာတ်ပုံလေးလည်း....အရင်အတိုင်းပါပဲ..."
ဓာတ်ပုံထဲကကောင်လေး4ယောက်ဟာ...
တစ်ယောက်ပုခုံးတစ်ယောက်ဖက်လျက်...အပြစ်ကင်းစင်စွာ...ပြုံးနေကြတယ်....မျက်နှာမှာမှဲ့သုံးလုံးနဲ့ကောင်လေးအား...
လခြမ်းကွေးမျက်လုံးများဖြင့် ကောင်လေးမှ ဖက်ထားပြီး
အသားဖြူဖြူနဲ့Minhyunဆိုတဲ့ ကောင်လေးကတော့ ပါးဖောင်းဖောင်းနဲ့ကောင်လေးရဲ့
ပါးကို ဆွဲလိမ်နေတယ်...
ဒီပုံလေးဟာ...သူတို့လေးယောက်ရဲ့ ကျောင်းသားဘဝ အမှတ်တရလေးပါ....Seong Wu ဓာတ်ပုံထဲမှ သူ့အားဖက်ထားသည့် ကောင်လေးရဲ့ ပုံပေါ် လက်ညိုးလေးဖြင့်တို့ထိရင်း...
"မင်းဘယ်ရောက်နေလဲ...Niel...
ငါပြန်လာပြီလေ....ကျေးဇူးပြုပြီး...
ပုန်းမနေတော့ဘဲ...ငါ့ရှေ့ထွက်ခဲ့ပါတော့..."ကြေကွဲဖွယ် Seong Wuရဲ့ စကားတွေကို
အိမ်ထဲသို့ အထုပ်တွေသယ်ရင်း ဝင်လာသော Minhyunခမျာ...သက်ပြင်းချရုံမှတစ်ပါ...
အခြားမတတ်နိုင်...."JaeHwanက ဘယ်တော့ ပြန်လာမှာတဲ့လဲ"
"နောက်အပတ်လောက် ပြန်ရောက်မယ်"
ညနေစာ ထမင်းစားနေကြရင်း...စကားစမြည်ပြောနေကြသော Seong Wuနဲ့ Minhyun...
"ဒါနဲ့...မင်းCanadaထွက်သွားပြီး ငါကြားရတဲ့ သတင်းတွေကတော့....Nielကလည်း Canadaထွက်သွားတယ်လို့ကြားတယ်"