အမှန်​တရားသည်​.....

504 63 15
                                    

      ယခုဆိုလျှင်​ Seong Wu...Kang Companyရဲ့ Restaurantဆိုင်​ခွဲတစ်​ခုရဲ့
Chefတစ်​ဦးအဖြစ်​လုပ်​​နေတာ တစ်​လပင်​ရှိ​နေပြီ...

သူနှင့်​အတူအင်​တာဗျူး​ဖြေခဲ့သည့်​...Lee Hyun Kookနဲ့ အတူတူပင်​ဖြစ်​သည်​...

Danielနဲ့က​တော့Interviewပြီးသည့်​​ နေ့တည်းက မ​တွေ့ရ​တော့​ပေ...

MinHyunက​တော့..
JaeHwanက Japanက​နေ ပြန်​လာပြီမို့
အလုပ်​လုပ်​ကြရန်​ စီစဉ်​​နေကြသည်​...

Kitchenထဲမှာ အလုပ်​နားချိန်​​ရောက်​​တော့..
Seong Wuထိုင်​​နေရင်း ဟိုဟိုသည်​သည်​​တွေး​နေမိတယ်​...

"Seong Wu...
CEO​ရောက်​​နေတယ်​...
မင်းကို​တွေ့ချင်​လို့တဲ့..."

    အပြင်​က​နေ ဝင်​လာပြီး ​ပြောတဲ့ Hyun Kookအ​ပြော​ကြောင့်​ Seong Wuလည်း ခပ်​မြန်​မြန်​ပင်​ ဆိုင်​ထဲကို ​ပြေးထွက်​လာခဲ့တယ်​...

     ဆိုင်​ရဲ့​ထောင့်​နားမှာ ထိုင်​​နေတဲ့ Danielက
အ​နောက်​တိုင်းဝတ်​စုံဖြင့်​ အ​တော့်​ကို ကြည့်​​ကောင်း​နေတယ်​...
      Seong Wuကြို​မင်​​တော့...
Danielက လက်​လှမ်းပြပြီး လာရန်​​ခေါ်တယ်​...

     Seong Wuလည်း ခပ်​မြန်​မြန်​ပဲ Danielရှိရာဆီ သွားလိုက်​ပြီး ခုံမှာဝင်​ထိုင်​လိုက်​တယ်​...

"မင်း​ပြောချင်​တာ....ငါနား​ထောင်​​ပေးမယ်​"

    ရုတ်​တရက်​ကြီး ​ပြောလာတဲ့ Daniel​ကြောင့်​ Seong Wuအံသြသွားပြီးမှ Danielကို စိုက်​ကြည့်​ပြီး...

"ငါ​ပြောတာကို ယုံမှာလား?လက်​ခံမှာလား?
လက်​ခံမယ်​ဆိုမှ ငါ​ပြောပြနိုင်​မယ်​"

"မင်းက​တော့ကွာ...
ဟင်း...လက်​ခံ​ပေးမယ်​...
မြန်ုမြန်​​ပြော..."

"မင်းနဲ့ လမ်းမခွဲခင်​​နေ့က
မင်းအ​မေငါ့ဆီ​ရောက်​လာတယ်​...
ပြီး​တော့...ငါ့ကို​ပြောတယ်​...
မင်းနဲ့ ငါနဲ့က မတန်​ဘူးတဲ့...
ငါ့လို မိဘမရှိတဲ့သူနဲ့...မင်းနဲ့ကို
သ​ဘောမတူနိုင်​ဘူးတဲ့​လေ...
အဲ့အတွက်​...မင်းနဲ့ လမ်းခွဲ​ပေးပါတဲ့..
မဟုတ်​ရင်​...မဟုတ်​ရင်​..."

"အဲ့​တော့...ဘာတဲ့လဲ"

"မဟုတ်​ရင်​....
မင်းကို......သတ်​ပစ်​မယ်​တဲ့"

Maple Leaf (Completed)Where stories live. Discover now