မနက်အစောပိုင်းအချိန်...
Hae Youngတစ်ယောက်...
မီးဖိုချောင်ထဲ လှုပ်တုတ်လှုပ်တုတ်ဖြင့်...
Apronကြီးဝတ်ကာ ချက်ပြုတ်နေလေရဲ့..."ဟဲ့...သားရယ်...ဘာတွေလုပ်နေပြန်ပြီလဲ?
ဒီကလေးကတော့လေ...နေလည်းမကောင်းပဲနဲ့ကွယ်"အိပ်ယာနိုးလာပြီး...မနက်စာပြင်ရန်ထွက်လာသော
အမေဖြစ်သူက...သားဖြစ်သူကို မီးဖိုချောင်ထဲ မြင်လိုက်ရသဖြင့်...စိုးရိမ်တကြီး ပြောနေလေတယ်..."ဟာ...ommaကလည်း...
ခုတလော နေကောင်းပါတယ်ဗျာ...
မူးလဲမလဲဘူး...ဗိုက်အောင့်လို့ဆိုပြီးလည်း
ဆေးရုံမတက်ရဘူးလေ...ommaရယ်"လက်ထဲက ထမင်းဘူးလေးတွေကို အဆင့်လိုက် ပြန်ဆင့်ကာ ခြင်းတောင်းလေးထဲ ထည့်ရင်း ပြန်ဖြေလာတဲ့ Hae Youngက အမေဖြစ်သူက သက်ပြင်းသာချရင်း...
"ဟင်း...သားလေးရယ်...
အရမ်းအပင်ပန်းမခံပါနဲ့...သားက လူကောင်းတစ်ယောက်မှ မဟုတ်တာ...""အဆင်ပြေပါတယ်omma...
ကျွန်တော် တစ်ခါတစ်လေ လူမမာဆိုတာကြီးကို သတိမရချင်ဘူးဗျာ...မေ့ထားချင်တယ်...
အမေ ကျွန်တော်သွားလိုက်အုံးမယ်..ကိုကို့အိမ်ကို.."လက်ထဲက ထမင်းချိုင့်လေးကို မြှောက်ပြရင်း မြူးတူးစွာ ထွက်သွားတဲ့ သားရဲ့ ကျောပြင်ငယ်ကို ငေးကြည့်နေတဲ့ အမေဖြစ်သူရဲ့ မျက်ဝန်းအစုံဟာ
ပြုံးယောင်သမ်းနေခဲ့တယ်....Hae Young....Min Hae Young
ဒီကောင်လေးဟာ...အသက်အရွယ်အားဖြင့်
20သာရှိသေးတယ်...
သူ့ရဲ့မိဘတွေကတော့...Kang Gpရဲ့ ဝန်ထမ်းတွေပေါ့...
အမေဖြစ်သူကတော့...အလုပ်မလုပ်တော့ပေမယ့်..
အဖေဖြစ်သူကတော့...Danielရဲ့ လက်အောက်
ဒုဥက္ကဋ္ဌရာထူးဖြင့် ဆက်လက်ထမ်းဆောင်နေတုန်းပင်..
ထိုကောင်လေးဟာ လှပသော မျက်ဝန်းဝိုင်းစက်စက်...သွယ်လျဝိုင်းစက်သော မျက်နှာကျ...နှာတံလုံးလုံးသေးသေးလေးဖြင့်....
နှုတ်ခမ်းပါးပါးလျလျလေး....ပါးမို့မို့လေးတွေက..
ရဲရဲလေး....
ခန္ဓာကိုယ်လေးက ပိန်သေးကာ...
အရပ်ကတော့ 5ပေ7သာသာ....