ဒီနေ့တော့...
ရုံးပိတ်ရက်မို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် Danielက HaeYoungနဲ့ အတူ ကစားကွင်းကို ရောက်လာတယ်...SeongWuလည်း MinHyun.. JaeHwanတို့ စုံတွဲနဲ့ ကစားကွင်းကို လာကြတယ်..
HaeYoungကတော့ Danielဘေးကနေ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပါလာတယ်...
သူတို့တွေ မထင်မှတ်ပဲ ကစားကွင်းထဲမှာ ဆုံကြတယ်....
"Hey....Daniel မတွေ့ရတာကြာပြီနော်""အင်း....JaeHwan မတွေ့ရတာကြာပြီ
နေကောင်းလား?""ကောင်းပါတယ်...."
သူတို့နှစ်ယောက်ကသာ အပြန်အလှန်နှုတ်ဆက်နေပေမယ့် SeongWuကတော့ မျက်နှာပင် မော့မကြည့်ရဲပဲ ခေါင်းသာ တွင်တွင်ငုံ့ထားတယ်..
Minhyunကတော့ သက်ပြင်းချရင်းသာ SeongWuကို ကြည့်နေမိတော့တယ်....
"အာ...ကိုကို ကျွန်တော်...ခေါင်းမူးလာလို့"
"ကလေး...အဲ့တာဆို ကိုယ်တို့ ပြန်ကြမလား"
HaeYoungရဲ့ စကားကြောင့် Danielက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်...
SeongWuမှာတော့ ထိုနှစ်ယောက်ကို ကြည့်ပြီး မျက်ရည်ပင်ကျမတတ်...."အင်း...ပြန်မှာ
ကျွန်တော် တစ်ယောက်တည်း ပြန်လိုက်မယ်
ကိုကို နေခဲ့လေ...နော်..သွားတော့မယ်"လက်လေးပြကာ ကစားကွင်းထဲမှ ထွက်သွားသော HaeYoungရဲ့ နောက်ကျောကို
Danielလိုက်ကြည့်နေမိတယ်...
ဒီကလေးက...ကျန်းမာရေး ချူချာတော့ စိတ်ပူနေတာတော့ အမှန်ပဲ...
"ငါ....SeongWuနဲ့ ပြောစရာရှိတယ်"
အစမရှိ အဆုံးမရှိပြောလာတဲ့ Danielရဲ့ အပြောကြောင့် MinHyunသဘောပေါက်ကာ JaeHwanလက်ကို ဆွဲလိုက်ပြီး...
"Baby...ကိုယ်တို့ ကော်ဖီသွားဝယ်ရအောင်လေ...
အရမ်းအေးတယ်....နော်""အင်း...အင်း...သွားဝယ်မယ်"
MinHyunက အလိုက်တသိနဲ့ ထွက်သွားတော့ Danielက သူ့ရှေ့မှာ ကျောက်ရုပ်ကြီးလို ရပ်နေတဲ့ SeongWuရဲ့ လက်ကို လှမ်းဆွဲလိုက်တော့...SeongWuက မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာတယ်...