အ​မေမှားမှန်းသိပါပြီ

457 53 2
                                    

      

SeongWuနဲ့ Danielတို့ ထိုကိစ္စကို သိပြီး ​နောက်​နှစ်​ရက်​​လောက်​​နေ​တော့ သူမရဲ့ အိမ်​ကြီးကို သွားခဲ့ကြတယ်​...

     သူမဆိုတဲ့ Yoo Na Youngကလည်း အားလုံး သိပြီးပြီ ဖြစ်​တာ​ကြောင့်​ အိမ်​​ရှေ့ ဧည့်​ခန်းမှာ ​စောင့်​​နေခဲ့တယ်​....

"Omma..."

       Sofaမှာ ထိုင်​​နေတဲ့ သူမကို ​ခေါ်လိုက်​​တော့ သူမက ​လက်​ထဲမှာ ကိုင်​ထားတဲ့ ​ရေ​နွေးကြမ်းကို တစ်​ငုံ​သောက်​လိုက်​ရင်း လှမ်းကြည့်​လာတယ်​...

      SeongWuဟာ သူမကို အ​တော်​ကြာ ​ငေးကြည့်​​နေမိတယ်​...

    သူမဟာ SrongWuနဲ့ ရုပ်​ချင်း အ​တော်​ဆင်​တယ်​....
   

"သားတို့.....ထိုင်​ကြပါ"

      သူမဟာ သူမရဲ့ မ​လျော့​သော ​လေသံနဲ့ ​ပြောလာတယ်​....
      Danielနဲ့ SeongWuလည်း ခုံမှာ ဝင်​ထိုင်​လိုက်​ကြတယ်​...

"အ​မေ့သား​လေးက...အရမ်း​ချောတာပဲကွယ်​"

      သူမက SeongWuရဲ့ မျက်​နှာ​လေးကို ကြည့်​ပြီး ​ရေရွတ်​လိုက်​တယ်​....
    SeongWu အခုချိန်​ထိ သူမကို ကြည့်​​နေမိတုန်းပဲ....

"အ​မေ....မှားမှန်းသိပါပြီ"

  
       သူမ စကားတစ်​ခွန်း​ကြောင့်​ Daniel​ရော SeongWuပါ အ​တော်​​လေး ထိတ်​လန့်​သွားရတယ်

"အ​မေ...အရမ်းမှားခဲ့မိတယ်​...
အ​မေ...အ​မေက...မလုပ်​သင့်​ခဲ့တဲ့ လုပ်​ရပ်​​တွေကို လုပ်​ခဲ့မိတာ"

"......."

       သူမစကား​တွေကို သူတို့​တွေ နား​ထောင်​​နေကြတယ်​....

"Daniel....သား​လေး...
သား​လေးကိုလည်း အ​မေက သားအရင်းလို ချစ်​ခဲ့တာပါ...
ဒါ​ပေမယ့်​....အ​မေ့စိတ်​ကို အတ္တ​တွေ မာန​တွေ ဖုံးလွှမ်း​နေခဲ့လို့...အ​မေ အမှန်​တရားကို မမြင်​နိုင်​ခဲ့တာပါ"

       စကားတစ်​ခွန်း​ပြောတိုင်း မျက်​ရည်​တစ်​​ပေါက်​စီ ကျလာတဲ့ သူမကို Daniel​က ​ပွေ့ဖက်​ထားလိုက်​တယ်​....

"မငိုပါနဲ့​တော့....အ​မေရယ်​....."

        သူမရဲ့ ​ကျောပြင်​ကို ခပ်​ဖွဖွ ပုတ်​ပြီး နှစ်​သိမ့်​​ပေးမိတယ်​....

"သား​လေး...SeongWu အ​မေ့ဆီလာပါအုံး"

         သူမက SeongWuကို လှမ်း​ခေါ်လိုက်​​တော့ SeongWuက ​နေရာမှ ထလာကာ သူမထိုင်​​နေတဲ့ အနားမှာ ထိုင်​ချလိုက်​တယ်​....

"အ​မေ့​သား​လေး....တစ်​ခါမှ အ​မေ့​မေတ္တာ​တွေ မရခဲ့ဖူးတဲ့ အ​မေ့သား​လေး..."

       သူမက SeongWuရဲ့ ပါးပြင်​ကို လက်​ဖဝါးနဲ့ အုပ်​ကိုင်​ကာ ငို​ကြွေး​တော့ SeongWuက သူမရဲ့ လက်​နှစ်​ဖက်​ကို သူ့လက်​နှစ်​ဖက်​နဲ့ ပြန်​လည်​ ဆုပ်​ကိုင်​ထားရင်း.....

"အ​မေ....ကျွန်​​တော်​ အဲ့လို ​ခေါ်ချင်​ခဲ့တာ..
အခုမှပဲ....​ခေါ်ခွင့်​ရ​တော့တယ်​.."

"အင်း....​အ​မေတို့​လေ...အတူတူ​နေကြမယ်​​နော်​...
သား....သားNielနဲ့​ရော....သားSeongWuနဲ့​ရော"

"​နေရမှာ​ပေါ့....အ​မေရဲ့...
လော​လောဆယ်​​တော့...အ​မေ့ ကျန်းမာ​ရေးအတွက်
ဆေးရုံတက်​ရမယ်​​နော်​...."

"အင်း...အင်း...တက်​မယ်
ဆေးကုပြီး...သားတို့နဲ့ပဲ အတူတူ​နေမယ်​"

       ဟုတ်​ပါတယ်​...သူမမှာ နှလုံး​ရောဂါရှိ​နေခဲ့တယ်​....​တော်​​သေးသည်​က ​ရောဂါက စဖြစ်​ကာစမို့ ချက်​ချင်း ခွဲစိတ်​လျှင်​ ​အောင်​မြင်​မှုနှုန်းက70%​တဲ့​လေ....

       အခု​တော့ သူတို့ရဲ့ မိသားစုဘဝ​လေး ​အေးချမ်းနိုင်​ပြီ​ပေါ့....













အရမ်းတိုသွားတယ်​☜(ˆ▽ˆ)
ဇာတ်​သိမ်း​တော့မယ်​ကွယ်​🌝
နှုတ်​ဆက်​ရ​တော့မယ်​😭😭
ဒီ​နေ့ အပြီး ​ရေးနိုင်​ရင်​ ​ရေး​ပေးမယ်​😘

Maple Leaf (Completed)Where stories live. Discover now