ညဘက်ရောက်တော့....Seong Wuက ညနေစာ စားပြီးတာနဲ့
အိမ်ရှေ့ခန်းsofaမှာ TVကြည့်နေတယ်...Danielကတော့ သန့်စင်ခန်းထဲမှာ မျက်နှာသစ်ပြီး
ထွက်လာတယ်....Seong Wuက ညဝတ်အင်္ကျီအစိမ်းရောင်လေး အပေါ်မှာ သိုးမွှေးအနွေးထည် အဖြူရောင်လေးကို ထပ်ဝတ်ထားပြီး ဆံပင်လေးတွေကို နဖူးရှေ့ အုပ်အုပ်ကလေး ချထားတယ်....
"Aigoo....ကိုယ့်Honeyလေး
ချစ်ဖို့ကောင်းလိုက်တာ...
ပင်လယ်ဖျံပေါက်လေး ကျနေတာပဲ"Sofaပေါ် ကျုံ့ကျုံ့ကလေး ထိုင်နေတဲ့ SeongWuကို Danielက ခါးလေးအား ဆွဲဖက်လိုက်ကာ ပြောတော့ SeongWuက Danielရဲ့ ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ထုပြီး ရန်တွေတယ်...
"ပါပီအစုတ်ပလုတ်...
ငါဘာပြောထားလဲ...ဒီည မင်းနဲ့ အတူ မအိပ်နိုင်ဘူးလို့...သွားစမ်း..သွား""ဟာ...ချစ်ကလည်း
ငြိုငြင်တယ်ပေါ့...မရပါဘူး
ဒီည အအေးပိုမယ်တဲ့...
အဲ့တော့ ဟောဒီခန္ဓာကိုယ် နွေးနွေးလေးကို
ဖက်အိပ်ရမှ...အိပ်ပျော်နိုင်မှာ"Danielက SeongWuကို ခါးမှဆွဲချီကာ ရင်ခွင်ထဲထည့်ထားရင်း ပြောတော့ SeongWuက မျက်စောင်းထိုးကာ Danielရဲ့ ဗိုက်ကို တံတောင်နဲ့ တွတ်လိုက်ရင်း ပွစိပွစိပြောနေပြန်တယ်...
"ပါပီလိုလို...ယုန်လိုလိုနဲ့...
ဟွန့်...မုန်းလိုက်တာ....""အော်...မုန်းတယ်ပေါ့လေ..
အကြောင်းပြချက်လေး ပေးပါအုံး..
Ong shi...""မင်းမို့လို့ကို မုန်းတာ...အမြင်ကပ်တာ"
"အော်...မုန်းတယ်လည်းပြောသေး
မနက်က ကိုယ့်ကို ကိုလို့ ခေါ်နေတာ
ဘယ်သူပါလိမ့်နော်..."
"ကန်ဒန်နီရယ်...မင်းတော့လေ..."SeongWuက ပြောလည်းပြော လက်ကလည်း Danielရဲ့ ဗိုက်ကို လိမ်ဆွဲပြီးသား
သို့ပေမယ့် ဗိုက်သားကို ဆွဲမရပေ...
ဗိုက်က အဖုအထစ်တွေကြောင့် လိမ်ဆွဲစရာ အသားမရှိဖြစ်နေတာပေါ့....
"ဆွဲလေ...မနာပါဘူး"
"မင်း...မင်း သွားစမ်း...သွားတော့"
ဗိုက်ခေါက်လိမ်ဆွဲလို့ မရတာကြောင့် ဆူပုတ်နေတဲ့ SeongWuကို Danielက အင်္ကျီကို ဆွဲလှန်ကာ ကြွက်သားတွေ ပြရင်း စလိုက်တော့ ဆူပုပ်နေတဲ့ မျက်နှာဟာ မဲမှောင်သွားပြီး
Danielကို လက်သီးနဲ့ လိုက်ထိုးတော့တယ်..."သေစမ်း...သေ..သေ
စောက်ကောင်ကြီး...စချင်အုံး...
ထပ်ပြောကြည့်စမ်း...ပြောရဲပြောကြည့်""ဟ...ဟ...ဟ..
လာပါအုံး...မင်းမှာလည်း ကြွက်သားလေးတွေရှိလား
ကြည့်ရအောင်ကွာ...
ဟ...ဟ...
ဗိုက်ပူလေး...ဗိုက်ပူ...ဟီး..ဟီး"Danielက သူ့ကို လက်သီးနဲ့ လိုက်ထိုးနေတဲ့ SeongWuကို ဆွဲဖက်ကာ အင်္ကျီအောက်ထဲ လက်နှိုက်စမ်းကြည့်ပြီး အော်ရယ်တော့တယ်...
"Yaa.......Kang Daniel!!!!!!"
SeongWuရဲ့ အော်သံနှင့်အတူ လက်သီးဟာလည်း Danielရဲ့ ပါးပြင်ဆီသို့...
ခိုနားသွားတယ်....Update✌
Graceနေမကောင်းဘူးကွယ်😣
ခေါင်းတွေကိုက်နေတာ...
မျှော်နေမှာစိုးလို့ လာupတာ...