"CEO...ဝင်ခွင့်ပြုပါရှင့်""ဟုတ်ကဲ့..ဝင်ခဲ့ပါခင်ဗျ"
ခွင့်ပြုချက်ရတာနဲ့ အခန်းအတွင်း ဝင်ရောက်လာသော အတွင်းရေးမှုးမလေးကို Danielမော့ကြည့်လိုက်ရင်း လက်ထဲမှ စာရင်းစာအုပ်ကို ချထားလိုက်ကာ အတွင်းရေးမှုးရဲ့ ပြောကြားလာမယ့် စကားကိုပဲ နားစွင့်နေလိုက်တယ်...
"CEO...26ရက်နေ့က စတင်ထားတဲ့ Restaurant Projectအတွက် ဆိုင်နေရာ လျှောက်ထားသူတွေရဲ့ စာရင်းကို လာရောက်တင်ပြတာပါ....နေ့လည်တစ်နာရီခွဲရင် ထိုသူတွေကို CEOကိုယ်တိုင်interviewပေးရမှာ ဖြစ်ပါတယ်...အဲ့အတွက်ကြောင့် Moon Gpနဲ့ ချိန်းဆိုထားမှုကို မနက်ဖြန်သို့ ရွေ့ပြောင်းထားပါတယ်"
အတွင်းရေးမှုးNam Minaရဲ့ ရှင်းပြမှု အဆုံး
Danielခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီး..."ကောင်းပါပြီ...လျှောက်လွှာတွေ စားပွဲပေါ်တင်ထားခဲ့ပါ...
ပြီးရင် ဟောဒီက စာရင်းတွေအကုန်ယူသွားပြီး
ပြန်စစ်ဆေးပေးထားပါ""ဟုတ်ကဲ့..."
အတွင်းရေးမှုးNam စားပွဲပေါ်က Fileတွဲ3ခုအား ယူပြီး ထွက်သွားတော့မှ Daniel တပ်ထားသော မျက်မှန်လေးအား ချွတ်လိုက်ကာ
မျက်ရိုးကို လက်ဖြင့်နှိပ်နေရင်း လက်မှ နာရီကို ကြည့်မိတော့...12နာရီထိုးဖို့ 15မိနစ်အလိုပင် ရှိနေလေပြီ...Danielသူ့ရှေ့က fileတွဲကို ဆွဲယူကာ
လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအကျဉ်းကိုသာ ဖတ်နေလိုက်တယ်....
Profileတွေ တစ်ခုပြီးတစ်ခု ပြီးဆုံးလာပြီး
တစ်ရွက်သောလျှောက်လွှာရဲ့ ပိုင်ရှင်ကတော့...
Ong Seong Wu....Daniel...ဒါကိုမြင်တော့...အလိုမကျသလို မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်ရင်း fileတွဲကို ဆွဲပိတ်လိုက်မိတယ်....
Daniel's POV;
သူဘာရည်ရွယ်ချက်နဲ့ ငါ့Companyကို လာလျှောက်ရတာလဲ...
ဘာကြောင့်လဲ....အရင်လို ပြန်အဆင်ပြေဖို့များ မျှော်လင့်နေပြန်ပြီလား?..အဟက် မဖြစ်နိုင်တော့တာကို သိပ်ကြိုးစားချင်နေတဲ့ကောင်...