ဆည်းဆာရင်​ခုန်​သံ

526 67 8
                                    


နောက်​တစ်​​နေ့မနက်​9:00နာရီ​လောက်​မှာ..
သူ​တို့​တွေ မြို့လယ်​မှာရှိတဲ့ Parliament Hill ကိုထွက်​လာခဲ့ကြတယ်​...

Parliament Hillဆိုတာ..
Dramatic hill​ပေါ်မှာတည်​ရှိတဲ့
Parliament buildingsဖြစ်​ပြီး...
ထိုအ​ပေါ်က​နေ လှပတဲ့ Ottawa Riverရဲ့ မြင်​ကွင်းကိုလည်း မြင်​နိုင်​တယ်​...

Parliament Hillမှာ Victorian​တွေရဲ့ ​ဗိသုကာ လက်​ရာ​တွေရှိပြီး Canadaနိုင်​ငံရဲ့ အမျိုးသားယဉ်​​ကျေးမှု​တွေ တည်​ရှိရာ museumလည်းရှိတယ်​...

စတင်​​ဆောက်​လုပ်​တဲ့ ခုနှစ်​က​တော့...
1916ဖြစ်​ပြီး Libraryအတွက်​သာ ရည်​ရွယ်​​ဆောက်​လုပ်​ခဲ့ခြင်းဖြစ်​တယ်​..

သူတို့Hillကို​ရောက်​​တော့..
10နာရီ​ကျော်​​နေပြီ....

Minhyunနဲ့ Jaehwanက​တော့...
တစ်​​ယောက်​လက်​ တစ်​​ယောက်​ဆွဲကာ ပြတိုက်​ထဲဝင်​ပြီး လှည့်​ပတ်​ကြည့်​​နေကြတယ်​..

နောက်​မှာကျန်​ခဲ့တဲ့ Danielနဲ့ Seong Wuက​တော့ ဟိုကြည့်​သည်​ကြည့်​နဲ့ပဲ ​လျှောက်​လာကြတယ်​....

ထောင့်​ကျကျတစ်​​နေရာ​ရောက်​​တော့...
Danielက Seong Wuလက်​ကို ဆွဲပြီး
နံရံမှာဆွဲကပ်​လိုက်​​တော့ Seong Wu မျက်​လုံးအစုံတို့ ပြူးကျယ်​သွားရတယ်​...

"ဘာ...ဘာလုပ်​တာလဲ..Daniel"

     တုန်​ရီစွာ​မေးလာတဲ့ Seong Wuကို Danielက အကြင်​နာ မျက်​ဝန်း​တွေနဲ့ ကြည့်​​နေပြီး

"မင်းဒီ​နေ့အရမ်းချစ်​ဖို့​​ကောင်း​နေတယ်​"

     Danielအ​ပြော​ကြောင့်​ Seongပါး​လေး​တွေ ရဲ​နေ​တော့တယ်​...

"​ဟေ့...ဘာမှလည်းပြန်​မ​ပြောဘူး​..
ရှက်​​နေတာလား...''

      Danielက ပြုံးစစနဲ့​မေး​တော့ Seong Wuက Danielကို အနည်းငယ်​တွန်းလိုက်​ကာ..

"သွားမယ်​​လေ...JaeHwanတို့ ​စောင့်​​နေလိမ့်​မယ်​"

"အင်းပါ...သွားမယ်​"

      သူတို့​လေး​ယောက်​ Hallထဲလည်​ပတ်​ပြီးတာနဲ့ အိမ်​က​နေပါလာတဲ့ Hotdogနဲ့ Coca Cola​ကို ​နေ့လည်​စာအဖြစ်​ စားလိုက်​ကြပြီး Hill​ထဲက ​မေပယ်​လ်​ပင်​​​တွေနားက ခုံတန်း​​လေး​တွေမှာ
သွားထိုင်​​နေကြတယ်​...

Maple Leaf (Completed)Where stories live. Discover now