အခုဆို Danielနဲ့ SeongWuတို့လည်း အဆင်ပြေနေခဲ့ပြီ..
အဆင်မပြေသေးတဲ့ ကိစ္စကတော့ Danielအမေကိစ္စပေါ့....
ဒီကိစ္စတွေရဲ့ အရင်းအမြစ်ကို HaeYoungက စုံစမ်းနိုင်ခဲ့တယ်.....
"ကိုကို့အမေက အကိုSeongWuရဲ့အမေပဲ"
HaeYoungပြောလိုက်တဲ့ စကားကြောင့် Danielနဲ့ SeongWuတို့ တုန်လှုပ်သွားရတယ်..
HaeYoungက ကိစ္စအားလုံးသိရပြီဟု ဆက်သွယ်လာသဖြင့် Danielအိမ်ကို လာကာ ပြောပြနေတာဖြစ်တယ်..."ဒါ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...HaeYoungရဲ့"
"ကျွန်တော် အမှန်အတိုင်းပြောနေတာပါ..ကိုကို"
ထပ်ပြောလာတဲ့ HaeYoungစကားကြောင့် SeongWuမှာ ပျော်ရမလို ဝမ်းနည်းရမလို ဖြစ်နေလေပြီ...
"ဘယ်...ဘယ်လိုဖြစ်ခဲ့တာလဲ ရှင်းပြပေးပါ"
တုန်တုန်ယင်ယင်နဲ့ ပြောလာတဲ့ SeongWuစကားအဆုံး HaeYoungက ဖြစ်ရပ်အားလုံးကို ပြောပြလိုက်တော့တယ်...
Kang Dong Wook...Ong Seong Hoonနဲ့ Yoo Na Youngဆိုတဲ့ သူငယ်ချင်းသုံးယောက်က စခဲ့တဲ့ ဇာတ်လမ်းလေးပေါ့..
သူတို့သုံးယောက်ဟာ အရမ်းခင်ကြတယ်...
ဘယ်သွားသွား ဘယ်လာလာ အမြဲအတူတူသွားလာကြတယ်....သူတို့လေးတွေ အရွယ်ရောက်လို့ ဆယ်ကျော်သက်အရွယ်မှာ Na Youngနဲ့ Seong Hoonနဲ့ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...
အဲ့တာပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Dong Wookကလည်း Na Youngကို တစ်ဖက်သတ်ချစ်နေခဲ့သည်ဆိုတာပေါ့.....နောက်ပိုင်းမှာ Dong Wookလည်း အိမ် ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်လိုက်ရပြီး Na Youngနဲ့ Seong Hoonတို့လည်း လက်ထက်ခဲ့ကြတယ်...
NaYoungလည်း လက်ထပ်ပြီး အနည်းငယ်ကြာတော့ ကိုယ်ဝန်ရလာတယ်...
Dong Wookရဲ့ မိန်းမလည်း သိပ်မကြာဘူး ကိုယ်ဝန်ရလာတယ်...
ဒါပေမယ့် အဲ့အချိန်ထိကို DongWookက NaYoungကို ချစ်နေတုန်း ပိုင်ဆိုင်ချင်တုန်းပဲ.....