ပြန်​လည်​​တွေ့ဆုံနိုင်​မှာလား...

2.4K 94 33
                                    

Canadaနိုင်​ငံ...
Ottawaမြို့....
လူဦး​ရေ950,000ခန့်​ရှိသည့်​ မြို့က​လေးတွင်​...
အချိန်​အားဖြင့်​...မနက်​8:37မိနစ်​ခန့်​အချိန်​ဝယ်​.....
ကားများစွာ​ပြေးလွှား​နေသည့်​...လမ်းမကြီးရဲ့..
ဘေးတစ်​ဘက်​က....​မေပယ်​သစ်​ပင်​များစွာ...
စီတန်း​ပေါက်​​ရောက်​​နေသည့်​...လမ်းမ​ဘေးတွင်​...
မာဖလာအညို​ရောင်​​လေးအား...လည်​ပင်းတွင်​ပတ်​လျက်​...​ဆောင်းရဲ့ အ​အေးဒဏ်​​ကြောင့်​...နှာတရှုံရှုံ့ဖြင့်​...ကုတ်​အင်္ကျီအရှည်​ အညို​လေးဖြင့်​...​ကောင်​​လေးတစ်​​ယောက်​ မတ်​တတ်​ရပ်​​နေတယ်​....

မေပယ်​အပင်​အား​မော့ကြည့်​လိုက်​..
ကောင်းကင်​ကြီးအား​မော့ကြည့်​လိုက်​ဖြင့်​..
ထို​ကောင်​​လေးရဲ့ မျက်​ဝန်းအစုံဟာ..​ပြေးလွှားလျက်​..
သိပ်​မကြာလိုက်​ပါ...
မေပယ်​အပင်​မှ..ပထမဆုံး​မေပယ်​ရွက်​​တွေ..
ကြွေကျလာ​တော့တယ်​...
ကောင်​​လေးဟာ...လက်​အစုံကို ​လေထဲ​ဝှေ့ရမ်းရင်း...
မေပယ်​ရွက်​တစ်​ရွက်​ကို ဘယ်​လက်​ဖြင့်​ ဖမ်းဆုပ်​လိုက်​တယ်​...

ခနအကြာမှာပဲ...
ဆောင်းရဲ့...လှပ​သော နှင်း​တွေဟာ..ကျဆင်းလာပြန်​တယ်​...

နှင်း​တွေကိုမြင်​​တော့...
ကောင်​​လေးဟာ နှစ်​ခြိုက်​စွာ...
သွားတန်း​လေး​တွေ ​ပေါ်လွင်​​နေ​အောင်​..
ပြုံးပြီး ညာလက်​ဖြင့်​ နှင်းစက်​က​လေး​တွေအား
ဖမ်းဆုပ်​​နေတယ်​...

"ငါတို့ ပြန်​ဆုံ​တွေ့နိုင်​မှာပါ​နော်​...
ဒီတစ်​​ခေါက်​​တော့...
သေချာ​ပေါက်​...ပြန်​ဆုံနိုင်​မယ်​လို့..
ငါယုံကြည်​​နေတယ်​...Niel.."

    အ​ရောင်​လဲ့​နေ​သော မျက်​ဝန်းများ ​တောက်​ပလျက်
ကောင်းကင်​ပြာပြာအား ​မော့ကြည့်​ကာ လှပ​သော အပြုံးတစ်​ခုအား ပန်​ဆင်​ထား​သော ​ကောင်​​လေး.....








Ottawaမြို့ရဲ့ လမ်းကြား​လေးထဲ..
ပြေးလွှား​နေ​သော စက်​ဘီး​လေးတစ်​စီး...
ထိုစက်​ဘီး​လေးဟာ အထပ်ေ​ပါင်းများစွာ​သော
တိုက်​​တွေကြားမှ အုတ်​အညို​ရောင်​6ထပ်​တိုက်​​လေး​ရှေ့
ရပ်​တန့်​သွားတယ်​...
စီးနင်းလာ​သော စက်​ဘီးအပြာ​လေးအား...
တိုက်​ခန်းရဲ့..​အောက်​ထပ်​တစ်​​နေရာတွင်​ ရပ်​ကာ ​သော့ခတ်​လိုက်​ပြီး...သူ့အခန်း​လေးတည်​ရှိရာ...
၎လွှာအား ​ပြေးတက်​သွားလိုက်​တယ်​...

Maple Leaf (Completed)Where stories live. Discover now