ဧည့်ခန်းsofaမှာထိုင်နေကြတဲ့ ချစ်သူနှစ်ယောက်..
SeongWuဆိုတဲ့ ကောင်လေးကို
ရင်ခွင်ထဲ နစ်မြုပ်နေအောင် ဖက်ထားသော
Danielနှင့် ရင်ခွင်ထဲတွင် ငြိမ်ကာ မုန့်တွေစားရင်း
Tvကြည့်နေသော SeongWu...
သူတို့နှစ်ယောက် ချစ်သူ ပြန်ဖြစ်ပြီးကတည်းက Danielက SeongWuကို သူ့အိမ်မှာ လာနေခိုင်းလိုက်တယ်...."ဟေ့...အချစ် ကိုယ့်ကိုတောင် ဂရုမစိုက်ဘဲ TVပဲ ကြည့်နေတော့မှာလား?"
ရင်ခွင်ထဲက ကောင်လေးကို နဖူးပေါ်မှ ဆံပင်လေးတွေအား သပ်တင်ပေးရင်း ဆံပင်နက်နက်ကလေးကို နမ်းလိုက်ကာ မေးလိုက်တော့ SeongWuက မော့ကြည့်လာပြီး ပြောတယ်...
"Nielကို ဂရုစိုက်ပြီး ကြည့်မနေချင်ပါဘူးနော်...
အဲ့လိုသာ ကြည့်နေမိမယ်ဆို ငါ့နှလုံးသားလေး အခုန်လွန်ပြီး နှလုံးရောဂါ ရသွားမှာပေါ့"SeongWuစကားကြောင့် Danielက ခပ်ဟဟရယ်ကာ ကိုယ်လုံးလေးကို တင်းနေအောင် ဖက်လိုက်ပြီး ခုံပေါ်က remoteနဲ့ TVကို ပိတ်လိုက်တယ်...
"ဟာ...ဘာလုပ်တာလဲ"
"ဘာလုပ်ရမှာလဲ...ခင်ဗျားလေးကို အပြစ်ပေးမလို့"
"ဘာအပြစ်လည်း...ပြော...ပြော"
"ကိုယ့်ကို ဂရုမစိုက်လို့ အပြစ်ပေးရမယ်...လာခဲ့"
Danielက SeongWuကို ဒူးအောက်မှ လက်ဖြင့်လျှို၍ ချီလိုက်ပြီး အခန်းထဲ ဝင်လိုက်တယ်...
အခန်းထဲရောက်တော့ SeongWuကိုယ်လုံးလေးကို ကုတင်ပေါ် တင်လိုက်ပြီး Danielက အပေါ်ကနေ အုပ်မိုးကာ နှုတ်ခမ်းလေးအာ အနမ်းပေးလိုက်တယ်...
အနမ်းတွေ ခရီးတွင်လာတော့ SeongWuလက်ကလေးက Nielရဲ့ အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်လာတယ်...."အွန်း....တော်တော့...Niel"
နမ်းနေရင်းမှ စကားလုံးလေးတွေ ပလုံးပထွေးနဲ့ ပြောလာတဲ့ SeongWuကြောင့် အနမ်းတို့အား ရပ်စဲရင်း မျက်နှာလေးကို ကြည့်လိုက်မိတော့ SeongWuရဲ့ ပါးလေးတွေဟာ ရဲနေပြီး နှုတ်ခမ်းပါးသေးသေးလေးဟာလည်း အနီဘက်သမ်းနေပြီ....
"ဘာဖြစ်လို့လဲကွာ...ကိုယ်တို့က အရွယ်ရောက်ပြီးသားတွေပဲဟာ...မကြောက်ပါနဲ့"
"ဟင့်...ဟင့်အင်း...ရှက်လို့"
"အချစ်လေးက ရှက်လို့?...ဟား..အချစ်ရယ်
ဒါတွေက တစ်ချိန်ကျ ဖြစ်လာမယ့် ကိစ္စတွေပဲ...
မရှက်ပါနဲ့နော်...""အဲ့...အဲ့တာဆို...မင်း အောက်ကနေ..."
SeongWuစကားကြောင့် Nielလန့်သွားတယ်...
"ဘာ...ဘာလို့လဲ...ကိုယ်အောက်ကနေလို့ မရဘူးလေ"
"မရဘူး...မင်းအောက်ကနေမှ ငါခွင့်ပြုမယ်"
အခုမှ First Timeကို အောက်ကနေ ဆိုတာကြောင့် Danielခမျာ ကသီးကအောင့်နဲ့ ဖြစ်နေတယ်...
ဘယ်သူကြည့်ကြည့်...သူက Semeမှန်း သိသာပြီး SeongWuက Ukeမှန်း သိသာသည်..."ဟား...အချစ်ရယ်...အခုမှ First Timeလေ.."
"အင်းလေ...ငါအပေါ်မှာ နေမယ်လို့"
ပြောမရဆိုမရ....ဂွကျပြီလေ...
"အင်း....ကိုယ်သိပြီ...ဒီလိုလုပ်...
အခုတစ်ခါ ကိုယ်အပေါ်မှာနေမယ်...
နောက်ခါကစပြီး အချစ်ပဲ အပေါ်မှာနေတော့...နော်"Danielစကားကိုကြားတော့ SeongWuက မျက်လုံးပြူးလေးနဲ့ ကြည့်နေရာမှ ခေါင်းလေးငြိမ့်ပြပြီး ရယ်ပြတယ်...
"ဟီး...မင်းက ဒီတစ်ခါတည်းနော်...
ငါက နောက်ခါတွေ အားလုံး...""ဟုတ်တယ်...ဟုတယ်"
"အင်း...ငါသဘောတူတယ်"
SeongWuရဲ့ ခွင့်ပြုချက်ကိုရတာနဲ့ Danielက အနမ်းတွေကို ဆက်ရင်း SrongWuကို အချစ်ကမ္ဘာငယ်လေးဆီ ခေါ်ဆောင်သွားခဲ့တယ်
(AN:ကိုယ့်ဘာသာ ဆက်တွေးလိုက်ကြပါ😩)Update😊
Spring Breezeကြည့်ပြီး ကိုယ့်မှာ မျက်ရည်မျက်ခွက်နဲ့...😭
Beautiful part2 နားထောင်မှ ပိုဆိုး😣
12 starလည်း ကြည့်ပြီးရော..သေရော😑
အရေးထဲ...အဖွဲ့ပျက်ပြီလား လာမေးသူကရှိသေး😒