Clubအပြင်မှာ...
Seong Wuနဲ့ ပြောသင့်တာပြောပြီး...
Clubထဲသို့ ပြန်ဝင်လာတဲ့ Daniel...."ကိုကို...ဘယ်လိုလဲ...အဆင်ပြေရဲ့လားဟင်"
မျက်နှာမကောင်းစွာဖြင့် ပြန်လာတဲ့...Danielကိုမြင်တော့ Hae Youngက ထိုင်နေရာမှ ထလာပြီး Danielလက်မောင်းကို ဆွဲကိုင်ကာ မေးနေပေမယ့် အဖြေပြန်မလာပဲ....စားပွဲပေါ်က ကားသော့ကိုသာ ဆွဲယူပြီး Hae Youngရဲ့ လက်ကိုသာ ကိုင်ဆွဲပြီး အပြင်ထွက်လာခဲ့တယ်...
"ကိုကို...ကျွန်တော်မေးတာကို ပြန်ဖြေလေဗျာ...
ဘာလဲ...အဆက်ဟောင်းကြီးပြန်တွေရတော့...
ကျွန်တော့်ကို ပစ်ခွာချင်ပြီပေါ့ ဟုတ်လား...?"ဘာမပြောညာမပြော...ကားထားရာ နေရာဆီ ခေါ်လာပြီး ကားတံခါးဆွဲဖွင့်ကာ ကားထဲအတင်းထိုးထည့်နေသော Danielကို Hae Young စိတ်တိုတိုနှင့် ပြန်ပြောမိတော့...ပြန်ရလိုက်သည်က ပုခုံးကို ဆွဲဆောင့်လိုက်ခြင်းနှင့်အတူ ကျယ်လောင်သော အော်ငေါက်မှုပေါ့....
"မင်းဘာဖြစ်ချင်နေတာလဲ...
ငါအရမ်းစိတ်ရှုပ်နေတာနော်...
အပိုစကားတွေမကြားချင်ဘူး....."Danielအော်ငေါက်ပြီးတော့မှ သူသတိရမိသည်က သူမှားသွားပြီပဲ....
သူဘာကြောင့် ဒီကလေးကို အော်လိုက်မိရတာလဲ?
Hae Youngကိုကြည့်လိုက်တော့ မျက်ဝန်းမှာ မျက်ရည်စတို့ တွယ်ငြိလျက် Danielကို ခပ်စူးစူးကြည့်နေရှာတယ်....
Daniel သူ့ရှေ့ကကောင်လေးကို အားနာသည့် မျက်ဝန်းများဖြင့် ကြည့်ြ့ပီး ထိုလူကောင်သေးသေးလေးအား ဆွဲဖက်လိုက်ကာ..."တိတ်...တိတ်...ကလေးလေးရယ်...
ကိုကိုမှားသွားပါတယ်နော်...နောက် မအော်တော့ဘူးနော်....သူ့ဆီလည်း
ပြန်မသွားပါဘူးကလေးရဲ့...ကလေးနားမှာပဲ
နေမှာပါကွာ...နော်"တသိမ့်သိမ့်တုန်ယင်နေသော ကျောပြင်လေးအား
လက်ဖဝါးဖြင့် ပုတ်ကာချော့တော့မှပဲ အငိုတိတ်သွားတော့တယ်... ပုခုံးပေါ်က သူ့မျက်နှာလေးကို ဆွဲယူကြည့်လိုက်တော့ အိပ်ပျော်နေလေပြီ... Daniel ထိုကလေးလေးအား ကြည့်ကာ သနားစိတ်တွေက ဝင်လာရပြန်တယ်...