With Zawgyi
"သွန်းခေတ္တရာ!!!!!"
"ခွမ်း! ခလွမ်း! "
ထပ်ဖြစ်ပြန်ပြီ။ တလွဲတချော်တွေချည်းပဲ လုပ်နေမိတဲ့ကျွန်တော်....
ပန်းကန်အကွဲတွေရှေ့ချပြီး ဖရိုဖရဲလဲကျနေတဲ့သူငယ်ချင်းကို မေလမင်းတွဲထူပေးလိုက်ရသည်။
"သွန်းခေတ်ရယ်...နင်ဘယ်လိုဖြစ်နေတာတုန်း"
သွန်းခေတ်တစ်ယောက် မေလမင်းရဲ့ စကားကို တစ်ခွန်းမှတောင်မပြောနိုင်ဘဲ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ထွက်ပြေးသွားတော့သည်။
"ဟဲ့...သွန်းခေတ်.....ဟဲ့....."
သည်လိုနဲ့ပဲ မေလမင်းတစ်ယောက် ဘာမပြောညာမပြောနဲ့
ထွက်ပြေးသွားတဲ့ သူငယ်ချင်းနောက်ကို အသည်းအသန်ပြေး
လိုက်ရပါတော့သည်။သွန်းခေတ္တရာ ဆိုလို့ မိန်းကလေးလို့မထင်လိုက်ပါနဲ့။ တကယ်တော့ သူက အသားဖြူဖြူ ၊ ဆေးမကူတဲ့ နှုတ်ခမ်းရဲရဲ
လေးတွေကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်။မျက်ဝန်းညိုတွေကိုမှ မျက်အိမ်ကျယ်ကျယ်လေးက ဝန်းရံထားပြီး ရှည်လျားတဲ့ မျက်တောင်ကော့လေးတွေကိုလည်း
ပိုင်ဆိုင်ထားသူ.......မျက်နှာဝိုင်းဝိုင်းလေးအပြင် ပါးမို့မို့လေးနှစ်ဖက်ကြောင့် ချစ်စရာကောင်းသူ...ထို့ပြင် ရွှေရောင်ဆံပင်လေးများက သူ့ရဲ့အသွင်အပြင်ကို ပိုတင့်တယ်နေစေသူ....
၅ပေ၇လက်မရှိသော အရပ်အမောင်း.....ရှည်လျားသော
ခြေတံတို့နှင့် လိုက်ဖက်ညီအောင် အမြဲဝတ်ဆင်တတ်သော smart ကျကျကောင်လေးတစ်ယောက်.......မုံရွာစီးပွားရေးတက္ကသိုလ်...MUE ၏ The Whole King....ယူထားတဲ့Majorက စာရင်းကိုင်......
နေရပ်က ရှမ်းပြည်မြောက်ပိုင်း လားရှိုးက...ဒါပေမယ့် အဲဒီလိုstyle ကျပြီး ချောမောတဲ့ကောင်လေးတစ်ယောက်
ဟာ ဘာအကြောင်းတွေကြောင့် အခုလိုနမော်နမဲ့နိုင်နေ
ရတာပါလိမ့်.....ဖြူဖတ်နေသော အသားအရည် ကိုမှအားမနာ နေပူပူကြီးထဲ
အဓိပတိလမ်းဘေးက အုတ်ခုံတစ်ခုပေါ် စိတ်ပျက်လက်ပျက်
ထိုင်နေရှာသော သွန်းခေတ်အနားကို မေလမင်း လျှောက်သွားလိုက်သည်။
YOU ARE READING
Romance Is Dead (Completed)
Teen FictionBOTH Zawgyi and Unicode Zawgyi အချစ်ကနှလုံးသားတံခါးကိုလာခေါက်တဲ့အခါ ချစ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ခံရရှိတဲ့ချစ်ခြင်းဟာ တစ်ဖက်သတ်ဖြစ်နေတဲ့အခါမှာ...ဖွင့်ဟဖို့ခက်ခဲတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ရတဲ့အခါမှာ... သူ...