(Zawgyi)
#Kattamkaung
#EXOL #90°Bow
#WeAreOne(Unicode)
အချစ်ဦးဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော်သေချာမသိပါဘူး
ကျွန်တော်သိတာက အဦးဆုံးဆိုတာပဲသိတယ်
ဘဝမှာ ကိုယ့်မိဘတွေ မောင်နှမတွေအပြင်
ကျွန်တော်စိတ်ဝင်အစားဆုံးလူသားတစ်ယောက်ရှိဖူးတယ်
အဲ့ဒီလူကို အချစ်ဦးလို့ကျွန်တော်ကသတ်မှတ်ပစ်တယ်အာ......အချစ်ဦးဆိုလို့ သူနဲ့ကျွန်တော်က ချစ်သူတွေဖြစ်ခဲ့ကြတာမျိုးတော့မဟုတ်ခဲ့ပါဘူး
ကျွန်တော်တို့အချင်းချင်းသိကြတယ်
ဒီလောက်ပါပဲမတွေ့ရမနေနိုင်မျိုး ချစ်တာမဟုတ်ပဲ
သူ့အကြောင်းတွေးတာနဲ့ ပြုံးအောင်
အားမပေးပါပဲ သူ့နာမည်လေးရေရွတ်မိတာနဲ့ကြိုးစားချင်စိတ်ပေါ်လာအောင်
အဲ့လောက်ထိကျွန်တော့အပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့ တစ်ဖက်သတ်အချစ်ဦးဟာ...လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကျွန်တော်နဲ့ဝေးခဲ့ရတယ်ပြောရရင် ဝန်ထမ်းမိဘတွေနောက်ကိုလိုက်ရတဲ့ ကျွန်တော်က ထားပစ်ခဲ့မိတာပါပဲ
တကယ်လို့များ....ကြားကာလတွေ ကျွန်တော်သူ့နားရှိနေနိုင်ခဲ့ရင်တော့ ကျွန်တော်တို့နှစ်ဦးကြားတစ်ခုခုထူးခြားလာခဲ့လေမလားမသိ
သို့ပေမဲ့.....လက်ရှိမှာတော့ ကျွန်တော်တို့ဝေးတာ ဆယ်နစ်ရှိပါပြီ
သူကျွန်တော့ကို လွှမ်းမိုးခဲ့တာ ဆယ်နှစ်ရှိပါပြီ
သူနဲ့တူတူရှိခဲ့တဲ့ လေးနှစ်ကိုပါတွက်မယ်ဆိုရင် ၁၄နှစ်ကာလပေါ့အစွဲလမ်းကြီးတဲ့ ကျွန်တော့ရဲ့တစ်ဖက်သတ်မြတ်နိုးချင်းတွေကပဲ ကံကောင်းတာလား???
ဆယ်စုနှစ်တစ်ခုကိုကျော်လွန်ပြီးတဲ့နောက်မှာတော့.........ကျွန်တော့အချစ်ဦးဟာ...ကျွန်တော့ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့ပါတယ်........._____________________________
#Kattamkaung
#EXOL #90°Bow
#WeAreOne
YOU ARE READING
အခ်စ္ဦး / အချစ်ဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်