(Zawgyi)ဆိုလ်း အင်ယာ အဆောင်သည် ဘယ်လိုအကြောင်းများနဲ့ ဒီလောက်ဝေးတဲ့နေရာမှာ လာရှိနေရသည်မသိပါ။
မြို့စွန်နီးပါးရောက်တော့ မတတ်ဖြစ်နေသည့် ဒီအဆောင်က
Technology ကျောင်းသားတွေအတွက် ထားရှိသောအဆောင်ပင်ဖြစ်သည်။လူကတော့ သိပ်ပြတ်ပုံမပေါ်ပါ။ ကျောင်းသားတွေများတာကြောင့် ဆိုင်ခန်းတွေလဲရှိပြီးတော့ မြို့ငယ်လေးတစ်ခုစာပင် ကျယ်ပြန့်သည်ဟုဆိုနိုင်သည်။
ဂျွန်မြောင်က ရီရှင်းကိုတွဲရင်း ဆိုင်ခန်းတွေကိုဖြတ်ကျော်ကာ
အဆောင်ပို့ဖို့ပြင်ရသည်။ အမူးနည်းနည်းပြေးနေပုံရတဲ့ ရီရှင်းကတော့ သေချာမလျှောက်နိုင်သေးသော်လည်း သူ့အခန်းသူတော့မှတ်မိပုံရသေးသည်။ဂျွန်မြောင်မှာ သူ့ကျောပိုးအိတ်ကြီးကိုတဖက်ကဆွဲရင်း
တစ်ဖက်က သူ့ခါးကိုထိန်းကာ သေချာလျှောက်နေရသည်။
ရီရှင်းကတော့ ဂျွန်မြောင်ကို မှီထားရင်း ပြိုလဲနေတဲ့ ခြေလှမ်းတွေကို တောင့်ခံထားကာ ကြိုးစားလျှောက်နေပူံပင်။"ဒီ....ဒီအဆောင်"
ရီရှင်းက ခြေလှမ်းတွေကိုရပ်လိုက်ရင်း လက်ညှိုးထိုးကာပြောတာမို့ ဂျွန်မြောင်က ရပ်ပေးလိုက်သည်။
B 6ဟု နာမည်တပ်ထားသည့် အဆောင်ဟာ ကုန်းခပ်မြင့်မြင့်မှာရှိပြီးတော့ အသွားအလာနည်းနည်းကျဲသည်။ကုန်းမြင့်က ကြည့်တဲ့အခါ စောစောကဖြတ်သန်းလာတဲ့ ဆိုင်ခန်းတွေဆီမှာ သွားလာ၊စားသောက်နေကြတာတွေကိုလှမ်းမြင်နိုင်သည်။
"ကျေးဇူး ဂျူမြောင်..."
မပီမသ အားလေးလျှာလေးအသံနဲ့ ပြောတဲ့ ရီရှင်းက သူ့ကျောပိုးအိတ်ကိုလှမ်းယူတာမို့ ဂျွန်မြောင်က သေချာလက်ထဲထည့်ပေးရသေးသည်။"ရရဲ့လား။ ငါအပေါ်ထိပို့ရမလား"
လေးထပ်ဆောင်ကြီးကို မေးငေါ့ရင်း ဂျွန်မြောင်ပြောတော့ ခေါင်းကို ရမ်းတာအခါခါ။
စောစောကလောက် နီရဲမနေတော့တဲ့မျက်နှာမှာ နည်းနည်းမို့အစ်အစ်တော့ဖြစ်နေသေးပြန်သည်။"Bye....ကောင်းကောင်းပြန်"
ရီရှင်းက ကျောပိုးအိတ်ကို တစ်ဖက်ထဲလွယ်လိုက်ရင်း ကျောခိုင်းကာ အဆောင်ထဲဝင်သည်။
လက်ကိုခါပြနေရင်း ယိုင်တိုင်တိုင်လျှောက်နေတဲ့ သူကြောင့် ဂျွန်မြောင်က ချက်ချင်းမပြန်နိုင်သေး။
YOU ARE READING
အချစ်ဦး / အခဈြဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်