(Zawgyi)
ဂျွန်မြောင် ရဲ့ နေ့ရက်တွေသည် မလိုလားအပ်တဲ့ တင်းကြပ်မှုများစွာနဲ့ တဖြည်းဖြည်း ကုန်ဆုံးလို့လာသည်။
အိမ်မှာအနေများနေတဲ့ မေမေကြောင့် အကြောင်းအရင်းမရှိပဲ အပြင်ထွက်ရခက်တာမို့ မေတ္တာရေးအခြေအနေကတော့ တိုးတက်မှုလုံးဝမရှိပေ။ဂျွန်မြောင်ဘက်က အတင်းအကြပ်ပြောထားပေမဲ့ ရှိဖော်က လိုတာထက်ပိုပြီး မတုန့်ပြန်ခဲ့ပါပေ။
သွားတွေ့ရန်မှာလဲ အခြေအနေမပေးလာတဲ့အခါ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်ရုံကလွဲ ပြီး ဘာမှပိုမစွမ်းနိုင်ချေ။
သူငယ်ချင်း တွေကလဲ ကျောင်းဖွင့်မှ ပြန်လာကြမည်မို့ တစ်ယောက်ထဲ မကျေနပ်ချက်ပေါင်းစုံနဲ့ စိတ်အလိုမကျမှုများသာ စိုးမိုးလို့နေတတ်ပြန်သည်။Baekhyun ဆိုသည်မှာလဲ ဒီတစ်ခေါက်အတော်ခံစားသွားရပုံပင်။ Chanyeolနဲ့အတူတူ လိုက်တက်နေတဲ့ သင်တန်းကြေးတွေပါအဆုံးခံလိုက်ပြီးတော့ သူ့အဖေတာဝန်ကျတဲ့ နိုင်ငံဆီအလည်လိုက်သွားတာ အတော်ကြာပြီပင်။
Baekhunအဖေက နိုင်ငံခြား Company တာဝန်ခံမို့
ဒီတစ်ခေါက်ပြန်အလာမှာ လိုက်သွားတာပင်။ဖုန်းခေါ်ရန်ပင်ခက်ခဲကြပြီမို့ ဂျွန်မြောင်မှာအမြဲ ပျင်းရိနေရသည်။ ဂျုံအင်ကတော့ ခုတလော အဆင်ပြေလာပုံရပါသည်။
အရင်တစ်ခါ မူးပြီး ငိုပြီးကတည်းက တော်တော်လေး ရင့်ကျက်လာပုံရသည်။ သို့သော်လဲ အမေ့အပေါ်တော့ ကလေးဆိုးကြီးတစ်ယောက်လိုချွဲတုန်းပါပင်။ဂျွန်မြောင် က စိတ်မပါတပါဆော့နေတဲ့ ဂိမ်းကို ပျင်းရိကာလာတမို့ ဖုန်းကိုအားသွင်းထားလိုက်ပြီး အိမ်အောက်ထပ်ဆင်းလာခဲ့သည်။ လှေကားထိပ်ရောက်တော့ အောက်ထက်ကပျံ့လွင့်ကာလာတဲ့အသံတွေကြောင့် ဂျုံအင် သူငယ်ချင်းတွေရောက်နေတာ သိလိုက်သည်။
ပိတ်ရက်တွင်းမှာ ခဏခဏ အိမ်လာလည်တတ်တာမို့ ဂျွန်မြောင်နဲ့မျက်မှန်းတန်းမိနေတဲ့ကောင်လေးတစ်သိုက်က ဂျွန်မြောင် ကိုမြင်တာနဲ့ နှုတ်ဆက်ကြရှာတာမို့ ပြန်နှုတ်ဆက်ပြီးတာနဲ့ အိမ်ရှေ့ ခြံဝန်းထဲထွက်လာခဲ့လိုက်သည်။
အိမ်ရှေ့က ဒန်းထက်မှာထိုင်နေတဲ့ ဖေဖေက သတင်းစာဖတ်နေပြီး ဘေးမှာလဲ ရေနွေးခွက်ချကာထားသည်။
ဖေဖေက ဂျွန်မြောင်ကိုမြင်တော့ အနားကိုလာရန်ခေါ်တာမို့် သွားလိုက်ရင်း ဘေးမှာဝင်ထိုင်လိုက်သည်။
သတင်းစာကိုခေါက်လိုက်ပြီး ဘေးမှာချလိုက်တဲ့ဖေဖေက ဂျွန်မြောင်ရဲ့ခေါင်းလုံးလုံးလေးကို ချစ်စနိုးနဲ့ တချက်ဖွပြီး ပြုံးကာနေသည်။
VOCÊ ESTÁ LENDO
အချစ်ဦး / အခဈြဦး S 1
FanficCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်