Part-6(Zawgyi & Unicode)

2.2K 387 50
                                    

(Zawgyi)

ဂျပန်စာ သင်တန်းတဲ့ ခြောက်ရက်မြောက်နေ့
အခြေခံစကားလုံးတွေကို အတော်လေးကျွမ်းကျင်နေပြီဖြစ်သည်။ပြောရရင် မွတ်မွတ်ကျေပြီပေါ့။ နာမည်စာလုံးများကိုတော့ Jun Myeonတစ်ယောက် ရောနေဆဲ။ Meaningတွေကို ကြိုးစားကျက်ပေမဲ့ Jun Myeonရဲ့ ဦးတည်ရာက ဂျပန်စာတတ်မြောက်ဖို့ထက် Zhang Yixingဖြစ်နေတော့ စာရတာ မရတာဟာလည်း သိပ်တော့အရေးမကြီး။

သင်တန်းချိန်တွေဟာ Jun Myeonအတွက် နိဗ္ဗာန်ဘုံဖြစ်သည်။ ဂျပန်စကားဟာ Zhang Yixing လေသံဝဲဝဲနဲ့ထပ်တူကျတဲ့အခါ ပိုနားဝင်ပီယံဖြစ်သည်ဟုလည်းထင်သည်။

Zhang Yixing က စာသင်ချိန်မှာ သူစိတ်ဝင်စားရင် တကယ်ကို စူးစူး စိုက်စိုက် လိမ်လိမ်မာမာလေးဖြစ်သည်။
စင်စစ် အသက် ၂၀ကျော်အရွယ်ဖြစ်ပေမဲ့ Jun Myeonမျက်လုံးထဲ လွန်ခဲ့တဲ့၁၀နှစ်ကျော်က ခပ်ပိန်ပိန်နဲ့ ကောင်လေးကိုပဲ မြင်တုန်း။
ထူးခြားတာက Yixingရဲ့ မျက်မှန်လေးပင်။ ဘယ်အရွယ်က စတပ်ရတယ်ဆိုတာ မမှီပေမဲ့ သင်တန်းပထမနေ့ကလို ဖုန်းကို အာရုံစိုက်ပုံနဲ့တော့ တပ်ရတာ နည်းတောင်နည်းသေးသည်။

Jun Myeonကိုယ်တိုင်လည်း မျက်မှန်သမားမို့ မျက်မှန်ခြင်းတူတယ်ဆိုပြီး သဘောကျမိတာတောင်ပြန်သတိရသည်။
Yixingပုံစံက ခပ်အေးအေး သွက်သွက်လေးဖြစ်သည်။ ခေတ်မှီနေတာမျိုးကြီးလည်း မဟုတ် တစ်မျိုးလေး ဘယ်လိုမှန်းကိုမသိ။

တစ်ပါတ်လောက်ရှိပေမဲ့ Jun Myeonတို့ chat boxကနေ စကားပြောတာ စနေ၊ တနင်္ဂနွေနေ့မှာသာပင်။ကျန်တဲ့နေ့တွေက သင်တန်းမှာတွေ့ရတာ က တစ်ကြောင်း၊ နောက် ပြောစရာမရှိတာကတစ်ကြောင်းနဲ့ ရေရေရာရာမပြောဖြစ်။

Jun Myeonဘက်ကတော့ နံနက်တိုင်း Morningဆိုတဲ့စာကြောင်းလေးနဲ့ နိုးထချင်မိသလို၊ ညတိုင်း Good Nightပြောပြီးမှ အိပ်ချင်သည်။

အမြဲ ကျောပေးထားတဲ့ ဒီကောင်လေးက အမြဲ Jun Myeonရှေ့ခုံမှာ နေရာယူပြီး သူ့လှုပ်ရှားမှုတိုင်းကို ရင်ခုန်စေတုန်း။ ခဲတံကိုဖိဖိကိုင်လို့ စာလုံးတွေကို အာရုံစိုက်ရေးနေတဲ့ ဒီကောင်လေးကို ခိုးခိုးကြည့်လိုက်တိုင်း ပြုံးမိတာ တားမရဆီးမရ။

အချစ်​ဦး / အခဈြဦး S 1Where stories live. Discover now