Part-12(Zawgyi & Unicode)

1.5K 278 21
                                    

(Zawgyi)

ငြိမ်သက်နေတဲ့ မနက်စာ ထမင်းဝိုင်း။ အငွေ့ထောင်းထောင်းထနေတဲ့ ဟင်းရည်အိုးနဲ့ တခြားသော စားဖွယ်တွေဟာ စားပွဲခုံထက်နေရာယူလို့ထားသည်။

တူသံဇွန်းသံတချို့ကလွဲလို့ ပကတိငြိမ်သက်နေတဲ့ လေထုနဲ့အတူ Jun Myeonလည်း ငြိမ်နေမိသည်။
မေမေကတော့ Jun Myeonတို့ ညီအစ်ကိုနှစ်ယောက်မျက်နှာကိုတလှည့်ဆီကြည့်နေတာသိပေမဲ့ ဘာမှ မပြောဖြစ်။

နိုးလာကတည်းက စုတ်ဖွာပြီး အရက်နာကျနေတဲ့ Jong Inကို ဆူဖို့အတွက် ခေါင်းစဉ်ရှာနေတဲ့ မေမေက ငြိမ်သားကျနေတဲ့ သားနှစ်ယောက်ကြောင့် ထမင်းသာအေးဆေးစားနေသည်။

စနေနေ့ ဖြစ်တာကြောင့်ရော မနေ့ညက အရှိန်ကြောင့်ရော မနက်စာထမင်းဝိုင်းက ဆယ်နာရီထိုးနေပြီ။ Jun Myeonကလည်း တရေးနိုးလာတော့ အိပ်မပျော်တဲ့အတူတူ လှိမ့်ပိမ့်ပြီး ကုတင်ပေါ့မှာ လှဲနေခဲ့တာပင်။ ခဏခဏ လိုင်းပေါ်တက်ကြည့်လိုက်ပေမဲ့ မီးစိမ်းနေတဲ့ accတစ်ခုကိုမြင်တိုင်း စိတ်အလိုမကျမှူများစွာနဲ့ ဒေါသထွက်ရတာက ကိုယ်ပဲ ဖြစ်ခဲ့ရတာမို့လား။

Baekhyun တို့ဆီဆက်သွယ်ဖို့ လုပ်သေးပေမဲ့ သူငယ်ချင်းနှစ်ယောက်လုံးက သူတို့အတွဲ ကိုယ်စီနဲ့ စကားပြောနေကြမဲ့ အချိန်ဖြစ်တာကြောင့် မပြောဖြစ်ခဲ့။
လူးလူး လှိမ့်လှိမ့်နဲ့ အချိန်ကုန်ဖို့သာ စောင့်ခဲ့ပြီး တညလုံး လိုင်းဖွင့်ထားခဲ့သည်။ ဘယ်ကရောက်လာမယ်မသိတဲ့ Message သံကို စောင့်ရင်းဖြစ်ဖြစ်။

"စားလို့ဝပါပြီ" ခပ်အက်အက် အသံနဲ့အတူ ထသွားတဲ့ Jong Inကြောင့် မေမေရော Jun Myeonပါ မော့ကြည့်လိုက်မိသည်။
ခပ်မှိုင်မှိုင်နဲ့အပေါ်တက်သွားတဲ့ Jong In။

"ကလေးက ဘာဖြစ်နေတာလဲ Jun Myeon" မေမေ့ဆီက မေးခွန်းကနောက်ဆုံးတော့ ရောက်လာပြီ။

"ကျောင်းမှာ အဆင်မပြေတာများလား"ဒုတိယမေးခွန်း။

" ခဏလောက် ထားလိုက်ပါ ။ သူထပ်မသောက်အောင် သားပြောလိုက်မယ်"

မေမေက ခေါင်းတစ်ချက်ငြိမ့်ပြပြီး ထမင်းဆက်စားနေတာမို့ Jun Myeonလည်း အသာငြိမ်နေလိုက်တော့သည်။
ဘာပဲ ဖြစ်ဖြစ်ပါ သူ့ထက် Jong Inပြဿနာက အရင်မို့ စကားတော့ပြောကြည့်ရပါအုန်းမည်။

အချစ်​ဦး / အခဈြဦး S 1Tahanan ng mga kuwento. Tumuklas ngayon