Part-2(Zawgyi & Unicode)

3.2K 525 66
                                    

(Zawgyi)
ခုတလော Jun Myeonလေး ငြိမ်နေသည်။ အကြောင်းက သင်တန်းမတက်ခင် အိမ်ကမုန့်ဖိုးလိုချင်တာကြောင့်ပင်။
ဒီတိုင်းလည်း ပေးနေတာပေမဲ့ ကျောင်းပိတ်ရက်မို့ မုန့်ဖိုးကထင်သလောက်မရ။

ဒီကြားထဲ သင်တန်းတက်တာကို သဘောမကျသော မေမေကတစ်မျိုး။ ကျောင်းပြီးမှ တက်ပါလား၊ကျောင်းစာတွေ မလိုက်နိုင်ပဲ နေလိမ့်မယ်တဲ့။ ကျောင်းစာကိုပဲ ဘဝထင်နေကြလားမသိ။ စိတ်ဆိုးဆိုးနဲ့ ဆူပွနေပြီးနေမှ တတ်အောင်သင်ရမယ် ဘာညာနဲ့ ပိုက်ဆံထုတ်ပေးတာဖြစ်သည်။ မပေးလည်း ကိစ္စမရှိ။ဖေဖေ့ဆီလှမ်းဖုန်းဆက်ပြီး လွှဲခိုင်းလို့ရသည်ပဲ။

Jun Myeonဖေဖေက ဂျယ်ဂျူဒိုဘက်မှာ တာဝန်ကျနေပြီး တစ်လ သုံးရက်လောက်သာ အိမ်ကိုပြန်လာနိုင်တာဖြစ်သည်။
ဖေဖေက အစိုးရဝန်ထမ်းမို့ နယ်တကာပတ်သွားနေရပြီး Jun Myeonအလယ်တန်းထိ ဖေဖေနဲ့တူတူလိုက်တုန်း။အထက်တန်းပထမနှစ်မှသာ ကလေးတွေရဲ့ပညာရေးအရဆိုပြီး ဆိုလ်းမှာပဲ အခြေချတာဖြစ်သည်။

မေမေ့ ရဲ့ အမေ၊ Jun Myeonရဲ့ ဖွားဖွားက အလတ်စားစားသောက်ဆိုင်တစ်ဆိုင်ကိုအမွေအဖြစ်ပေးတော့ မေမေက ဒီလုပ်ငန်းကိုပဲ ဆက်လုပ်ကိုင်ခဲ့တာပင်။ဆိုလ်းမြို့က သင့်တင့်တဲ့ ဝိုင်းတစ်ခုကိုဝယ်ကာ Jun Myeonတို့်ညီအစ်ကိုကို ပျိုးထောင်ပေးသည်။ဖေဖေကလည်း တစ်စတစ်စရာထူးကြီးလာတာနဲ့အမျှ ပိုပြီးထောက်ပံ့နိုင်လာ၏။

Jun Myeonသည် ဖေဖေ့အတွက်အမြဲ ဂုဏ်ယူရသည်။ ဖေဖေက ဘယ်တုန်းကမှ ဖိအားပေးတယ်မရှိ ။ ပြုံးပြုံးလေးနဲ့ သားနှစ်ယောက်လိုတာကို အမြဲ ထောက်ပံ့သည်။ ငယ်တုန်းကဆို Jun Myeonကို သူ့ဆိုင်ကယ်နောက်မှာတင်ပြီး ကွင်းဆင်းတဲ့နေရာတွေခေါ်သွားနေကျ။ Jun Myeonကလည်း ဖေဖေနဲ့ စကားပြောနေရရင်ပြောသည်။ ဖေဖေက Jun Myeon အတွေးတွေကို လေးစားတဲ့သူလို့ထင်သည်။မေမေက တော့ Jun Myeonက သိပ်အတွေးလွန်တယ်ဟုပြောလေရဲ့။

ဖေဖေ့အလုပ်က အစ်ကိုတွေကလည်း Jun Myeonကိုချစ်ကြသည်။ဖေဖေ ဘယ်ဒေသရောက်ရောက် Jun Myeonကေ ရာက်တဲ့နေရာကလူနဲ့ တည့်အောင်ပေါင်းသည်။ကျောင်းမှာဆိုရင်လည်း သူငယ်ချင်းတွေရှိပေမဲ့ သူတို့က ကလေးဆန်ကြတယ်လို့ Jun Myeonကထင်၏။

အချစ်​ဦး / အခဈြဦး S 1حيث تعيش القصص. اكتشف الآن