Part-14(Z and U)

1.1K 240 9
                                    

(Zawgyi)

ပုံမှန် ဖြတ်သန်းနေကျ တနင်္ဂနွေတစ်ရက်ပါပဲ
ပုံမှန်မဟုတ်တာကတော့ ဒီနေ့ ဂျွန်​မြောင် က သဘောကျရတဲ့ သူနဲ့ အတူသွားဖို့ ချိန်းဆိုထားတဲ့ အကြောင်းပါ။

မနေ့ညက ဂျွန်မြောင် ဖုန်းဆက်မေးဖို့ အတော်လေးတွေဝေခဲ့တဲ့ ကြားကနေ ရှိသမျှအားအကုန်စုရင်း ဖုန်းဆက်မေးလိုက်တော့ ရလာတဲ့အဖြေက "ငါမေ့တော့မလို့ မင်းကို မနက်ဆယ်နာရီလောက် လာခေါ်မယ်" တဲ့။

မေ့ရက်လေ သလား အပြစ်ရယ်လည်းမမြင်နိုင်ပါဘူး ၊ အတူတူဖြတ်သန်းရမဲ့ တနင်္ဂနွေ ကိုကြိုတွေးပြီး ရင်ခုန်ရတဲ့ အချိန်တွေကို နှမြောသောအားဖြင့် ဂျွန်မြောင်ဟာ တစ်ညလုံး အတော်နဲ့အိပ်မရခဲ့ပါ။

လန်းလန်းဆန်းဆန်း နိုးလာမိတဲ့ ဒီမနက်စောစောမှာ ဂျွန်မြောင်က အဖေ အပင်တွေရေလောင်းနေတာကို ကူပေးခဲ့ရသလို၊
အမေရဲ့ အံ့အောတကြီး ချီးကျူးသံတွေကိုလည်း ကြားခဲ့ရသေးပြန်သည်။

ရေမိုးချိုးပြီး အဝတ်အစားလဲ ပြီးတဲ့အခါ ၈နာရီကျော်ရုံသာရှိသေးတာမို့ ဂျွန်မြောင်က စာကြည့်စားပွဲမှာ မေးထောက်ထိုင်ရင်းနဲ့ ဒီနေ့အတွက် ရှိဖော်နဲ့အတူတူ ဖြတ်သန်းရမဲ့ ပုံရိပ်တွေကို စိတ်ကူးယဉ်ကြည့်မိပြန်သည်။ ပြုံးမိပြန်သည်။

စနေနေ့ တစ်နေ့လုံး သူတွေးလာပြီးနောက် ရွေးချယ်ထားမိတဲ့ အတူကုန်ဆုံးမဲ့ အချိန်တွေကို စောင့်ရတာ စိတ်မရှည်စရာ တစ်စက်မှ မကောင်းတဲ့အကြောင်းကိုလည်း ဂျွန်မြောင်သတိထားမိရပြန်သည်။

ကုတင်ထက် တင်ထားတဲ့ ပစ္စည်းတွေကို ကြည့်မိတော့ ကြိုပျော်နေမိတဲ့ ဂျွန်မြောင်။ ရင်ခုန်သံတွေက လတ်ဆတ်နေသည့် လူငယ်လေးတစ်ယောက်လို။
ဒါကြောင့်များ လူတွေက တကူးတကဒိတ်ကြတာလား?

အသက်နှစ်ဆယ်အရွယ်ကောင်လေး တစ်ယောက်ရဲ့ ပထမဆုံးအကြိမ် ဒိတ်ဖြစ်နေလေမလား တွေးမိတော့ ခပ်ပြုံးပြုံးဖြစ်မိရပြန်တဲ့ ဂျွန်မြောင်။ သူက ဘာလို့ ရှက်စရာကောင်းသလိုတွေးနေမိတာပါလိမ့်။

တကယ်တမ်းတော့ ဒါက ဒီတိုင်း ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် လည်ကြပတ်ကြတယ်ရယ် တွေးရုံလောက်ပေမဲ့ ၊ ဂျွန်မြောင် ဘယ်လောက်ရင်ခုန်ပြီး မျှော်လင့်နေတယ်ဆိုတာကို ထူးထူးဆန်းဆန်းပြောပြလို့ရရင်ပြောပြချင်ပါသေးသည်။

အချစ်​ဦး / အခဈြဦး S 1Tahanan ng mga kuwento. Tumuklas ngayon