Part-19(Z and U)

866 217 14
                                    

(Zawgyi)

စနေနေ့~
ရာသီဥတုက အတော်လေး သာသာယာယာရှိလှသည်။
အစိမ်းရောင် ရှပ်အင်္ကျီလက်ရှည်ကို ဘောင်းဘီခါးကြားထဲ ထိုးထည့်ကာဝတ်ထားတဲ့ ဂျွန်မြောင်က သပ်သပ်ရပ်ရပ်။

အရင်နေ့တွေနဲ့မတူစွာပဲ ပုံသွားသွင်းထားတဲ့ဆံပင်က ခပ်ပွပွလေးမို့ ဂျွန်မြောင်ကို ပိုနုသွားစေသည်။ ခံတွင်းအနံ့ကောင်းတဲ့ ပီကေအထုပ်ကလေးကို ဘောင်းဘီအိတ်ထဲထိုးထည့်ရင်း ပါးစပ်ကဝါးလက်စကိုလဲ မပျက်စေရ။

ဂျွန်မြောင် အောက်ထပ်ဆင်းလာတော့ ဖေဖေရော မေမေရော
မတွေ့ရတာမို့ စိတ်သက်သာရာ အတော်ရပါသည်။
မဟုတ်ရင် ဂျွန်မြောင်ကို စူးစူးစမ်းစမ်းနဲ့လိုက်ကြည့်ကြမည်။
ဖေဖေကတော့ မသိမသာလေးပေါ့လေ။

ခြံဝန်းထဲမှာ ရေလောင်းနေတဲ့ ဂျုံအင်ကိုမြင်တော့ မျက်လုံးချင်း.လုံးဝမဆုံအောင်သတိထားရင်း ဂျွန်မြောင်ထွက်လာခဲ့သည်။ မြင်ရင် ပေါက်ကရတွေပြောတာကြားရအုန်းမည်လေ။
ဒါတောင် အပေါက်ဝရောက်မှ "ကိုကြီး...ကိုကြီး"နဲ့
လှမ်းအော်နေသေးလို့ မကြားချင်ယောင်ဆောင်ရင်းပဲ
ဂျွန်မြောင်အမြန်လစ်ထွက်လာခဲ့ရတာ။

ဘတ်စ်ကားဂိတ်ရောက်မှ အသက်ဝဝရှူရတော့သည်။
ဒါတောင် အသိတွေနဲ့တိုးမှာ ကြောက်တဲ့စိတ်က ပါသေး၏။
မရိုးမသားစိတ်တွေနဲ့မို့လား တွေ့ချင်တဲ့သူနဲ့တွေ့ဖို့ကြောင်းပဲလားမသိ ဂျွန်မြောင်ရင်တွေ သိပ်ခုန်နေတာတော့အမှန်။
မနေ့ညက ဂျွန်မြောင်လာမဲ့အကြောင်း စာပို့တော့ ရှိဖော်က
ငြင်းလဲမငြင်း လာလို့လဲမပြောခဲ့ပေ။

*အင်း* ဆိုပြီးသာပြန်ပို့ ပေမဲ့ ဂျွန်မြောင်က သေချာပေါက်ကို
လက်ခံတယ်လို့သဘောထားပစ်လိုက်သည်လေ။
တစ်ညလုံးရင်ခုန်နေလို့ ညဥ့်နက်မှအိပ်ပျော်ပေမဲ့ မနက်ကျတော့လဲ အစောကြီးနိုးနေပြန်သေးတာ အံ့ဩစရာပါပဲ။
ဒီမနက် ထွက်လာခါနီး messageပို့တော့ ရှိဖော်က
လိုင်းပေါ်မှာမရှိ။ လိုင်းတက်ရင်တော့မြင်မည်ထင်ပါသည်။

ရှိဖော်အဆောင်ဆီတန်းမသွားနိုင်သေး လက်ဆောင်ပစ္စည်းများရောင်းတဲ့ ဈေးတန်းဆီ ဂျွန်မြောင်အရင်သွားဖြစ်၏။
အမျိုးစုံနေသော လက်ဆောင်ပစ္စည်းတွေကိုကြည့်ရင်း
ဂျွန်မြောင်ပြုံးမိသည်။ Baekhyun တို့နဲ့အတူတူ ဒီကို
ခဏခဏရောက်ဖူးပေမဲ့ ဒီတစ်ခါလိုမခံစားဖူးဘူး။

အချစ်​ဦး / အခဈြဦး S 1Donde viven las historias. Descúbrelo ahora