(Zawgyi)
တရှပ်ရှပ် မြည်သံဟာ လမ်းမထက် တစ်သံထဲ ကျယ်လောင်စွာထွက်ပေါ်ကာနေသည်။ နွေကာလရဲ့ ရုပ်ဆောင် သစ်ရွက်ကြွေတွေဟာ လမ်းမထက် ဝဲကာကျကာနေရာယူလို့ထားလေရဲ့။ လမ်းမကြီးကတော့ ရှင်းရှင်းလင်းလင်း။
တကယ်တော့ လမ်းမကြီးဆိုတာ တကယ်လမ်းမကြီးမဟုတ်။ အဲ့လိုပြောလို့မျက်စိတော့ လည်မသွားကြပါနဲ့။ Jun Myeonပြောချင်တာက ဒီလမ်းမဟာ ပင်မလမ်းမကြီးမဟုတ်ပေမဲ့ အတော်လေးကျယ်ဝန်းပြီး ဖြောင့်ဖြူးတာကြောင့် Jun Myeonကတော့ လမ်းမကြီးဟု သတ်မှတ်ထားတာပင်။
လူသွားလူလာ အတော်နည်းတာကြောင့် ရပ်ကွက်သန့်ရှင်းရေးတွေက နှစ်ပတ်တစ်ခါလောက်သာ လာသည်။ ထို့ကြောင့် ရွက်ကြွေတွေနဲ့ ခပ်ရှုပ်ရှုပ်ဖြစ်နေတာပင်။ ဒါပေမဲ့ Jun Myeonကတော့ သဘောကျသည်။ လူသွားနည်းတော့ ဒီလမ်းပေါ်မှာ နေရာအကျယ်ကြီးယူလျှောက်လို့ရသည်လေ။ ပြီးတော့ Jun Myeonအကျင့်တာ သဘောကျပြီဆိုရင် တလမ်းစွဲ ပုံစံပင်။ ဘယ်သူဘာလုပ်လုပ် Jun Myeonသဘောကျတာ လုပ်ရမှကိုပျော်တာပင်။
ခုလည်း ဒီလမ်းကြားထဲကနေ ဖြတ်လို့ လမ်းထိပ်က အိမ်ဆိုင်လေးကို သွားတာပင်။ Jun Myeonက အရမ်းလိမ္မာတဲ့ ကလေးတော့မဟုတ်ပေမဲ့ ကျောင်းပိတ်ရက်တွေမှာ အမေလက်တိုလက်တောင်းခိုင်းရလောက်အောင်တော့ အသုံးဝင်ပါသေးသည်။ တအားခိုင်းရင် ဆောင့်အောင့်နေတာကလွဲလို့ Jun Myeonတို့ညီအစ်ကိုနှစ်ယောက်က အတော်လေး ဗိုင်းကောင်းကျောက်ဖိရှိကြ၏။ လူကြီးတွေကတော့ခက်သည်။သူတို့က ကျောက်ဖိရုံနဲ့ မတင်းတိမ်နိုင်ကြ။ တစ်ခါတစ်လေများဆို အုတ်နီခဲတွေ၊ သဲတွေပါ ဖိချင်နေကြသည်ကိုး။
အော် လုပ်လည်း လုပ်ရသေး ငရဲလည်း ကြီးရသေးဆိုတာဒါပေါ့။ စိတ်မပါတဲ့အလုပ်လုပ်ရတာ ကုသိုလ်လည်းမရ ။ပင်လည်းပင်ပန်းသေးသည်။
ဒါဆို Jun Myeonလေး ဘာလုပ်ချင်တာလဲ?
ဒီလိုလာမေးရင်တော့ Jun Myeonက လောလောလတ်လတ် moodကိုပဲ ဖြေရမည်။
Jun Myeon က Zhang Yixingကို ဒီထက် ဒီထက်ပို ကြိုက်ပစ်ချင်သည်။ ဟုတ်သည်။ ဒါသာလုပ်ခွင့်ရရင် စိတ်လည်းချမ်းသာပြီး ကုသိုလ်လည်းရနိုင်ပါသည်။ကိုယ့်အတွေးနဲ့ကိုယ် ပြုံးပြုံး ပြုံးပြုံးနဲ့ လျှောက်လာပြီးမှ အိမ်ရှေ့က လူရိပ်တွေကြောင့် လမ်းအကွေ့မှာ အသာရပ်ပြီး ချောင်းကြည့်နေမိသည်။ ဘယ်သူပါလိမ့်။ ခေါင်းတငုံ့ငုံ့နဲ့ အရိုအသေ ပေးလို့မပြီးနိုင်တဲ့ Jong In။ ကျောပြင်သာမြင်ရတဲ့ အမျိုးသမီးက ဘယ်သူပါလိမ့်။ ခပ်သွယ်သွယ် ရှိတဲ့ ထိုအမျိုးသမီးရဲ့ ဆံပင်တွေဟာ ကျောလည်ထိ ရှည်သည်။အပြာနုရောင် ဖဲ ကြိုးလွှာဟာ ဆံပင်တွေကြားမှာနေရာယူလို့။
YOU ARE READING
အချစ်ဦး / အခဈြဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်