(Zawgyi)
ဆိုလ်းရဲ့ နည်းပညာ တက္ကသိုလ်ကြီးက အတော်လေး ခမ်းနားပြီး ကျယ်ဝန်းလှသည်ဟု သတ်မှတ်၍ရသည်။ သန့်ရှင်းပြီး ရှည်လျားလှတဲ့ လမ်းမကျယ်ကြီးတွေရဲ့ ဘေးမှာ လူသွားလမ်းသီးသန့်နဲ့ ရှိပြီး ကျောင်းသားကျောင်းသူတွေဟာ လျှောက်လမ်းကနေသာ သက်ဆိုင်ရာ အတန်းတွေဆီ သွားနေကြသည်။တချို့ကျောင်းသားတွေက Jun Myeonတို့ အသိအရ T ပေတံခေါ်တဲ့ ခပ်ရှည်ရှည် ကိရိယာ အချို့ကို ကိုင်ဆောင်ထားကြသည်၊ တချို့လည်း ထိုးထိုးထောင်ထောင် ကိရိယာတွေကိုကျောပိုးအိတ်ဇစ်ပွင့်ထဲထည့်ကာ သယ်နေကြလေသည်။
ကားပေါ်ကနေ ဟိုဟို သည်သည် ကြည့်ပေမဲ့ ကျောင်းသားအများကြီးကြား ဒီလောက်လွယ်လွယ်တွေ့ဖို့မလွယ်တာတော့ သတိထားမိပါသည်။ Jun Myeonက ကားမှန်ကိုအသာချထားပြီး အပြင်ဘက်ကိုငေးနေတာမို့ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ ပင်မဆောင်ကြီးဟာ တင့်တယ်လှသည်။
ကားဟာ ပင်မဆောင်ဘေးပတ်လည်ကနေတဆင့် လမ်းအတိုင်းမောင်းသွားပြီး Parkingထိုးရမည့်နေရာရောက်မှသာနေရာတကျထပြီး ဆင်းရတော့တာပင်။
မြေပေါ်ခြေ ချတာနဲ့ Jun Myeonအလိုလို ရင်ခုန်လာသည်။ ဒါ Zhang Yixingတက်တဲ့ တက္ကသိုလ်မို့လား။
Yixingက ဗိသုကာ မေဂျာ တတိယနှစ်ဆိုတာပဲ သိပြီး ဘယ်တန်းခွဲ ကဆိုတာ မသိတာမို့ အလွယ်တကူတော့မတွေ့နိုင်လောက်ပေမဲ့ Jun Myeonမှာတော့ သူ့ပိုင်နက်ထဲရောက်နေတဲ့ ယုန်ငယ်လေးတစ်ကောင်လို ခံစားနေရသည်။ဝတ်ထားတဲ့ အင်္ကျီကို သပ်သပ်ရပ်ရပ်ပြန်ဆန့်လိုက်ပြီး ကားပေါ်က ဆင်းက Jong Inကိုစောင့်နေလိုက်သည်။
"သားက မူကြိုကျောင်းသားလား လိုက်အပ်ပေးရအောင်"
နှုတ်ခမ်းကိုမဲ့လို ကျောပိုးအိတ်ကိုတစောင်း လွယ်ကာ ပြောနေတဲ့ Jong Inက တကယ်ကို လူပျိုပေါက် ကလေး။
Jun Myeonထက်ပိုအရပ်ရှည်ပြီး ဖေဖေနဲ့တူတဲ့ Jong Inက တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့ တကယ်တူသည်။တဖက်က ကားတံခါးပိတ်နေတဲ့ မေမေက Jong Inစကားကို မျက်စောင်းထိုးရင်း တုံ့ ပြန်နေတော့ Jun Myeonမှာ ထိုသားအမိနှစ်ယောက်ရဲ့ မျက်နှာတွေကိုကြည့်ပြီး ရယ်လိုက်မိသေးသည်။
![](https://img.wattpad.com/cover/162296146-288-k726930.jpg)
YOU ARE READING
အချစ်ဦး / အခဈြဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်