Part-3(Zawgyi & Unicode)

3K 541 50
                                    

(Zawgyi)

"ဒါဆိုသူက မင်း အချစ်ဦးပေါ့"

"သူကမင်းကိုမှတ်မိနေသေးတာလား"

"Facebookမှာရော Friဖြစ်ပြီလား"

"ခုဘယ်လိုလုပ်မှာလည်း"
ပေါက်ပေါက်ဖောက်ကာမေးနေသော သူငယ်ချင်းနှစ်ယောက်ဆီမှာစိတ်ကမရှိ။ မိမိအား ခပ်ပြုံးပြုံးလုပ်ပြခဲ့သော ထိုလူသား၊ Zhang Yixingပါဆိုတဲ့မိတ်ဆက်စကားနောက် နှစ်နာရီကြာ အဲ့ဒီစာသင်ခန်းထဲ တုန်ယင်နေသော စိတ်အစုံကို ဖိကာထိန်းရင်း နေခဲ့ရတာဖြစ်သည်။

Jun Myeonနဲ့သူက ခုံတန်းဝေးနေတာတော်သေးသည်။ သင်တန်းဆင်းတော့ ငွေသွင်းနေတဲ့သူ့ကို မမြင်ချင်ယောင်ဆောင်ရင်း အတင်းပြေးထွက်လာရတာ ခလုတ်ပင်တိုက်မတတ်။ သင်တန်းမဆင်းသေးတဲ့ Baekhyunကို ကျိန်ဆဲလိုက်ပြီး သင်တန်းဘေးက စာရေးကိရိယာဆိုင်ထဲ ပြေးဝင်နေလိုက်ရတာ။ တော်ကြာအထွက်မှာတွေ့နေရင် Jun Myeonပဲ ရင်တုန်ရအုန်းမယ်။

တကယ်ဆို ကိုးနှစ်ကြာဝေးကွာမှုပြီးတဲ့နောက် ဒီလောက်လေးကို အကြီးကျယ်ဖြစ်ပျက်နေတာ သိပ်တော့ပုံမလာပေမဲ့ ကိုယ်ခံစားနေရတာကိုယ်သာသိသည်မို့လား။ သင်တန်းအပြင်ထွက်လာတဲ့ Zhang Yixing ကတော့ စကူတာ အပြာလေးထက်တက်ကာ ဆိုင်ကယ်ဦးထုပ်လေးကို ဆောင်းလို့အသာမောင်းထွက်သွားကာမှ စာအုပ်စင်ထက်မျက်လုံးလေးဖော်ကာချောင်းနေတဲ့ Jun Myeonတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

JongDaeဆီဖုန်းဆက်ကာ ချိန်းလိုက်ပြီး Baekhyunထွက်လာတာ နဲ့ Chanyeolဆီစကားပြောခွင့်တောင်မပေးမိ ။တန်းဆွဲခေါ်လာခဲ့ရသည်။

နှဖူးကျနေချွေးတွေကျတဲ့ထိဖြစ်နေပြီး ကိုယ့်ကိုယ်ကို ဘာလိုဘယ်ပုံဖြစ်ပျက်နေမှန်းတောင်မသိတော့ တဲ့ Jun Myeon။ ငယ်ငယ်က သဘောကျဖူးတဲ့လူတစ်ယောက်ကိုတွေ့တာ အဲ့လောက် ဖြစ်သွားစရာလိုလို့ပါလား။

ခုလည်းကြည့် Jong Daeတို့ကို ချိန်းထားပြီး သူ့အချစ်ဥိးကို ပြန်တွေ့တယ်ဆိုတဲ့အကြောင်းပြောပြီးကတည်းက လက်ထဲက ကော်ဖီအေးဘူးကိုဟိုလှည့်ဒီလှည့်နဲ့ စိတ်နဲ့ကိုယ်ကပ်ပုံမပေါ်တော့။

"မင်းကလည်း ကိုးနှစ်လောက် သောက်ရူးလိုကြိုက်လာပြီး ရုပ်ကျမမှတ်မိဖူးလား"

အချစ်​ဦး / အခဈြဦး S 1Donde viven las historias. Descúbrelo ahora