(Zawgyi)
"ငါ တကယ် အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"ဆံပင်က ပွနေတယ်ထင်ရလားလို့"
"မပွပါဘူး သူများတွေဖွနေကြတာတောင် မပွလို့ "
"အင်္ကျီက ကျပ်နေသလိုပဲ"
"Fit sizeပါပဲ"
"မျက်နှာက ဝက်ခြံကလေ"
"ကဲ Kim Jun Myeon" ရှေ့ကနေ ဆတ်တောက်တောက် လျှောက်နေရင်း လှည့်ကြည့်ကာပြောတဲ့ Baekhyunအသံက စိတ်မရှည်မှုအထင်းသားနဲ့။ ခပ်ရှုံ့ရှုံ့လုပ်ထားသော နှဖူးပြင်နဲ့အတူ သက်ပြင်းတစ်ချက်ချတော့ Jun Myeon ဇက်ပုကာ တစ်ချက်ရယ်ပြရသည်။
"ဟီး"
အင်္ကျီကိုအသာ ဆွဲချပြီး ခါးကိုမတ်ကာ မေးငေါ့ပြလိုက်တာက နောက်ထပ်မပြောနဲ့တော့ဆိုတဲ့သဘောလား၊ ဆက်မေးပါအုန်းဆိုတဲ့သဘောလား။ ဘာပဲ ဖြစ်ဖြစ် စိတ်မရှည်တော့ဘူး ဆိုတာ အသိသာကြီးကို။
"အေးပါ သွားမယ်လာလာ မင်းဆရာရောက်နေလိမ့်မယ်" Jun Myeonစကားဆုံးတော့ Baekhyunက ခေါင်းကိုခါပြသည်။
"လိုက်ပို့မယ်" ဒီတစ်ခါတော့ Jun Myeonက အူတက်မတတ်ရယ်မိတော့မည်။
"ရပါတယ်ကွာ...မင်းကဒုတိယထပ်၊ငါက တတိယထပ် လမ်းမှာငါ့ကိုက်စားမဲ့သူလည်းမရှိဘူး"
"Zhang Yixing က အဆင်ပြေပါ့မလား"
"ဟားဟား...Baekhyunရယ် ကြိုက်တဲ့လူကငါပါ။ ပူချင်းပူ မင်းက Zhang Yixingအတွက်တောင် ပူပေးရအုန်းမယ်"
"နှာဘူးကောင်ပဲ" Baekhyunက တိတ်တိတ်ကျိန်ဆဲသည်။ အင်း တကယ်တော့ ရင်ခုန်ပါတယ်။ သူတို့ဟာတနေ့ကတွေ့ မနေ့ကပြန်ရင်းနှီး ကနေ့ ပြန်တွေ့ရပြီ။စိတ်ထဲ တစ်ခုခုဖြစ်နေတာတော့သိပေမဲ့ ဘာရယ်တော့မသိ။ ဆယ်ကျော်သက်ဖြစ်တဲ့စိတ်လှုပ်ရှားတယ်ဆိုတာဖြစ်မည် ဟု Jun Myeonထင်သည်။
တူတူတက်လာခဲ့ပြီး ဒုတိယထပ်ရောက်တော့ Baekhyunက ကွန်ပျူတာသင်တန်းဆီချိုးကွေ့သွားသည်။
အတန်းရှေ့မှာ Chanyeolရှိမနေ။ Baekhyunမျက်နှာတစ်ချက် ရှုံ့သွားတာသတိထားမိသည်။ဒါပေမဲ့လည်း ခဏပါပဲ Jun Myeonကိုလှည့်ကာ တာ့တာပြပြီး ထွက်သွားတဲ့ Baekhyun။သူက အဲ့လိုပဲ သူ့စိတ်ထဲရှိတာကို မျက်နှာမှာချက်ချင်းပေါ်တတ်တဲ့လူမျိုး။ ကိုယ့်သူငယ်ချင်းဆိုတော့ သနားသည်။ Chanyeolက Baekhyunကို မြန်မြန်ကြိုက်သွားပါစေလို့လည်း ဆုတောင်းပါရဲ့။ Baekhyunက အတော်သဘောကျနေတာ မျက်မြင်မို့ တွဲလိုက်ရင် သူပျော်မှာ အတိအကျ။
YOU ARE READING
အချစ်ဦး / အခဈြဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်