Part -11( Z and U)

1.1K 251 10
                                    

(Zawgyi)

Jun Myeonရဲ့ လတ်တလောရက်တွေဟာ နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရဲ့ ထုံးစံအတိုင်း အားမလိုလိုနဲ့ မအားတာမျိုးကြုံနေရသည်။

စာမေးပွဲအတော်များများကို ရသလိုလိုနဲ့ ဖြေလိုက်ပြီး ဖြေနိုင်တာလိုလို မဖြေနိုင်တာ လိုလိုနှင့်ပါလေ။
Baekhyun တို့ Chenတို့နဲ့ပင် အတူ အချိန်ကုန်တာ နည်းလှသည်။ ကိုယ့် ခုံနံပါတ်နဲ့ကိုယ် Assignment တွေထပ်ရတာများတာရော၊ ဘာသာရပ်တိုင်းလိုလိုအတွက် Assignment ပုံထဲ ခေါင်းစိုက်နေရတာရောနှင့် အချိန်တွေက နည်းပါးလှသည်။

Zhang Yixingနဲ့မဆုံဖြစ်တာဆိုရင် Jong Inကိုကျောင်းအပ်ပြီးကတည်းကဆို ခြောက်လ နီးပါး။
ဖုန်းအဆက်အသွယ်ဆိုတာကလည်း Jun Myeonဖက်က အချိန်နည်းတာတော့မဟုတ်ပေမဲ့ စခေါ်လို့ကောင်းပါ့နလား၊ စိတ်အနှောင့်ယှက် များဖြစ်နေမလားလို့ တွေးမိတာနဲ့ ခေါ်ဖို့ရပ်တန့်သွားတတ်တာမို့ အဆက်သွယ်မရဘူးလို့ပင်ဆိုရမည်။

ရူးကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့လည်း Zhang Yixingဆီက ဆက်သွယ်လာမှာကို တကယ်မျှော်လင့်ဖူးပါသည်။ Jun Myeon accအပ်တုန်းက လွဲလို့ နောက်အချိန်တိုင်း Jun Myeonကသာ စတင်ဆက်သွယ်ခဲ့ရတာမလား။Jun Myeonက ရင်းနှီးချင်နေတဲ့သူမို့လေ။

"နေနိုင်လိုက်တဲ့ ကောင်လေး။ လူမှုရေးလည်း မရှိဘူး"
ဖုန်းကိုချလိုက်ရင်း Jun Myeonတီးတိုးရေရွတ်မိသည်။ အေးလေ ငါကသာ အသံလေး ဖြစ်ဖြစ် ကြားချင်တာ။ သူက သူငယ်ချင်းဆိုတာပဲ သိမှာကို။

Messages boxက voice mailတွေနားထောင်လိုက်ချင်သောလည်း ထမျာသွားတွေ့ချင်ရင် ခက်ရချည်ရဲ့ဆိုပြီး နားမထောင်ရဲပါ။
တစ်ယောက်ထဲကို ရှုပ်ယှက်ခတ်နေတော့တာပါပဲ။

တီ...တီ..
ဖုန်းသံမြည်တာကြောင့် ကိုင်တော့ Jong In
ဒီကောင်လေး က ဘာလို့. ဒီအချိန်ဖုန်းဆက်တယ်ရယ်မသိ။

"Hello"

"Hello Hyung " ခပ်မှိုင်းမှိုင်းနဲ့ မူမမှန်တဲ့ Jong In အသံကြောင့် Jun Myeonမျက်မှောင်ကြုတ်မိသည်။
ဒီအချိန်ကြီးကို သောက်ထားတာတော့ မပြောနဲ့နော်။

နာရီလှမ်းကြည့်တော့ နေ့လည် နှစ်နာရီ။

"ဘာဖြစ်လို့လဲ Jong In "

အချစ်​ဦး / အခဈြဦး S 1Nơi câu chuyện tồn tại. Hãy khám phá bây giờ