Part-17(Z and U)

1.3K 235 10
                                    


(Zawgyi)

နွေကာလရဲ့ သရုပ်က ဒီနှစ်ထဲပိုပေါ်လွင်သည်။ အရင်ကထက်ပိုပူနေတယ်လို့ထင်နေမိတာက အရင်တုန်းကပဲ ရာသီဥတုအပေါ်ဂရုမထားမိလို့လား၊ ဒီနှစ်မှ နွေရာသီကပဲကယ်ကိုပူနေလို့လား သေချာမသိပါပေ။

ဟိုလွင့်ဒီလွင့်ဖြစ်နေတဲ့ သစ်ရွက်ခြောက်တွေက လူတွေရဲ့စိတ်ကို ငြိမ်သက်စေသယောင်ယောင်နဲ့ ဂယောက်ဂယက်ဖြစ်စေသည်။ နွေလေေ နွေးနွေးတိုက်တာကြောင့် နေရထိုင်ရတာ ပူစပ်ပူလောင်လဲ ရှိလှသည်။

ဒီလိုရာသီဥတုမွာ ဘာမှမရှိတဲ့ ပန်းခြံထဲလာပြီး ငုတ်တုပ်ထိုင်နေတဲ့ ဂျွန်မြောင်က နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လှသည်။ ကျောင်းတွေပိတ်နေတာရော ၊ လူကလဲ လေလွင့်ချင်နေသော ဒဏ်ကြောင့် ရုပ်ကလဲ ညှင်းသိုးသိုးနဲ့။

ဖုန်း screenကိုဖွင့်လိုက် ပိတ်လိုက်၊ သစ်ရွက်တွေကြွေနေတာကိုငေးလိုက်။ ခုံတန်းရှည်ပေါ် ခြေထောက်တင်ထိုင်လိုက်၊ခြေထောက်ကိုပြန်ချလိုက်နဲ့ ဂျွန်မြောင်တစ်ယောက် ဒီပန်းခြံထဲရောက်နေတာ အချိန်မနည်းတော့။

မနက်ခင်းပိုင်း ခြံထဲကအမှိုက်တွေရှင်းပြီးတာနဲ့ ကျောင်းပိတ်နေတဲ့ ဂျွန်မြောင် က အားလပ်ချိန်ရပြီ။ မေမေ့ဆိုင်ကိုလဲ ကူစရာမလိုပေ။ ဂျုံအင်က ဆိုင်က သူတွေနဲ့ပိုအဖွဲ့ကျတာမို့ သူကပဲ သွားနေတတ်တာများသည်။

ဒီလိုအားနေတာများတာကပဲ ဂျွန်မြောင်ကို ပိုပျက်စီးစေတယ်ထင်ပါရဲ့။ ရေမချိုးပဲ ချွေးနံ့တွေနဲ့ ဂျွန်မြောင် ပုံစံက အဆင်တော့သိပ်ပြေမနေပေ။ လူပျိုပေါက်လေးဆိုတော့ အသွင်အပြင်ကိုလဲ သိပ်အာရုံစိုက်မနေပါဘူး။

လူထက်ပိုအဆင်ပြေမနေတာကတော့ စိတ်ပင်ဖြစ်သည်။
ဂျွန်မြောင်ဘက်က ခံစားချက်တွေကို ဝန်ခံလိုက်ပြီးကတည်းက ရှိဖော်ဟာ ဂျွန်မြောင် ကို လုံးလုံးအဆက်အသွယ်ဖြတ်ချထားသည်။ သူလဲပဲ တခြအကြောင်းအရာ ရှိလို့နေမှာပါလေလို့ ဖြည့်တွေးနေပေမဲ့ တကယ်တမ်းကျ အသိသာကြီးပဲ။
ဂျွန်မြောင် ကို အဆက်အဆံမလုပ်ချင်တော့တာဆိုတာ အသိသာကြီးလေ။

သုံးရက် ကနေ ​လေးရက်ဆီကူးလာတော့ ဂျွန်မြောင်က လုံးဝကို ရူးချင်နေပြီဖြစ်သည်။ ဖုန်းဆက်တာကို မကိုင်ကတည်းက နေရထိုင်ရတာခက်နေပြီးတော့၊ ဒီရက်ပိုင်း Onlineပေါ်မှာပင် မတွေ့ရတဲ့အခါ၊ ဂျွန်မြောင်ပို့ထားတဲ့ စာတွေသာများနေပြီး ပြန်စာတစ်စောင် တောင်မလာတဲ့အခါ ဂျွန်မြောင်ရဲ့ စိတ်ဓာတ်ဟာ ဟိုးအောက်ထိ ထိုးကျနေပြီ။

အချစ်​ဦး / အခဈြဦး S 1Où les histoires vivent. Découvrez maintenant