(Zawgyi)
ဘောပင်များကို တစ်ချောင်းပြီးတစ်ချောင်းကိုင်ကြည့်လိုက်
စာရွက်အကြမ်းတစ်ခုပေါ် ခြစ်လိုက်နှင့် အလုပ်ရှုပ်နေတဲ့
ရီရှင်းက သူ့ကိုငေးနေတာကို သတိထားမိပုံမပေါ်ပါဘူး။လူတစ်ယောက်က သူစိတ်ဝင်စားတဲ့အရာတွေ
လုပ်နေတဲ့အချိန်မှာ ကြည့်လို့အကောင်းဆုံးဆိုတာ ကြားဖူးပေမဲ့ ကိုယ်တိုင်မြင်ရမှလက်ခံဖူးတော့သည်။
ပေါ့ပေါ့ပါးပါးသာ ဝတ်စားထားတဲ့ ရှိဖော်က
ထင်းထွက်နေတာမျိုးမဟုတ်သည့်တိုင် ငြိမ့်ငြိမ့်လေးနဲ့
ရင်ခုန်ဖို့သိပ်ကောင်းသည်။ပါးပေါ်မှာပေါက်နေတဲ့ ဝက်ခြံလေးက ဒီရက်ပိုင်းမှ
ပေါက်လာခဲ့တဲ့ပုံပါပဲ။ ဆေးပုံထားတာကြောင့် သိသိသာသာ
ဆူထွက်နေသေးသည်။ ပြစ်မျိုးမှဲ့မထင်မဟုတ်ပေမဲ့
သေသပ်ပိရိတဲ့နှုတ်ခမ်းရော ရှင်းလင်းနေတတ်တဲ့ ပုံစံရော
အားလုံးက ရှိဖော်ကိုကြည့်ကောင်းစေသည်။အတော်လေးပိန်ပိန်ပါးပါးဆိုပေမဲ့ အရပ်ရှည်တာကြောင့်
သူ့ဟာနဲ့သူတော့ စွဲဆောင်မှုအတော်ရှိတာပင်။
သူများအတွက်မရှိရင်တောင် ဂျွန်မြောင်အတွက်တော့
တကယ်ငေးလို့ကောင်းတဲ့သူပါပဲ။စိတ်ကြိုက်တွေ့သွားမှ ဘေးဘီကိုငဲ့ကြည့်တဲ့သူက
ဂျွန်မြောင်ကိုမြင်တော့ မေးဆတ်ပြသည်။
နောက်တော့ ခေါင်းတယမ်းယမ်းနဲ့ ပြုံးနေသေးသည်။
နစ်ဝင်သွားတဲ့ပါးချိုင့်တွေကလဲ ချစ်စရာ။"ဘာငေးနေတာလဲ ဝယ်စရာရှိတာမဝယ်ပဲနဲ့ "
"ကြည့်လို့ကောင်းလို့ ဟီးဟီး"
ပြောချင်တာပြောတဲ့ ဂျွန်မြောင်က နည်းနည်းမှအရှက်မရှိ။
ရှိဖော်ကလဲ သိပ်မပြောတာမို့ ထင်ရာစိုင်းချင်နေတတ်သည်။ညဘက်တွေ messageပို့ရင် ရှည်ရှည်ဝေးဝေးမပြောသည့်တိုင် လူချင်းတွေ့ရင်တော့ သူစိမ်းဆန်မနေတော့ပါဘူး။
ရှိဖော်က social activeဖြစ်တာနည်းသည်။
သီးသန့်နေတတ်တဲ့သူမဟုတ်ပေမဲ့ ခပ်အေးအေးသမား။
ဂျွန်မြောင်လို လူတွေအများကြီးနဲ့ ခင်မင်အောင်လဲ
နေတတ်ပုံမပေါ်ပါဘူး။" ဒါပဲလား ငါဝယ်တာပြီးသွားပြီ မင်းထပ်လိုတာမရှိရင်
သွားရအောင်"
ESTÁS LEYENDO
အချစ်ဦး / အခဈြဦး S 1
FanficCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်