(Zawgyi)
လူတစ်ယောက်ကို စသဘောကျတဲ့အခါ ဘာတွေဖြစ်သလည်း?နံပါတ် ၁ -ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မယ်။ ငါဘာလို့ သူ့ကိုသဘောကျရတာလည်း။ ဘာလို့ သူလည်း။ သူ့ထက်သာတဲ့ သူတွေကို သဘောကျဖို့်အခွင့်ရေးငါ့မှာရှိသားနဲ့ ဘာလို့ ဒီလူကိုမှ သဘောကျမိတာလည်း။
အဲ့လောက်ထိတွေးမိပြီဆိုရင် မင်းက လူတစ်ယောက်ကို လုံးဝ နေရာပေးမိဖို့ သေချာနေပြီ။ သူရဲ့ လွှမ်းမိုးမှုက မင်းကြိုက်တဲ့ ကိုရီးယားမင်းသားတွေအပေါ်ထားတဲ့ မင်းခံစားချက်နဲ့ နဲနဲကွာတယ်။ ဆိုလိုတာက မင်းသည် ရည်ရွယ် ချက်မရှိ အဲ့ဒီလူအပေါ်စိတ်ဝင်စားမိတာဖြစ်ပြီး မလိုချင်ပဲ ရတဲ့ ခံစားချက်တွေက ရင်ထဲမှာ ပိုနေရာယူလေ့ရှိတယ်။
နံပါတ် ၂ -ဂရုမစိုက်ချင်ယောင် ဆောင်နေရင်းနဲ့ပဲ မင်းရင်ထဲကို သူက ပိုရောက်ရောက်လာလိမ့်မယ်။ဆိုလိုတာက မင်းသူ့ကို ဆက်မကြိုက်မိဖို့ကြိုးစားလေ သူ့အပေါ်ထားတဲ့ ခံစားချက်က ပိုမြဲလေပဲ။
ဒီအဆင့်ရောက်လာပြီ။မင်းက သူ့အကြောင်းမတွေးမိဖို့ကြိုးစားနေပြီဆိုရင် သူ့ကိုမင်းကြိုက်နေတာလုံးဝသေချာသွားပြီ။ဒါကို မင်းလက်ခံနိုင်ဖို့ခက်တယ်ဆိုတာ သိပေမဲ့ ဆက်ငြင်းဆန်နေမယ်ဆိုရင် မင်း ပင်ပန်းအုန်းမှာပဲ။
နံပါတ်၃-ဒါလေးကတော့ တော်တော်များများကြုံရတဲ့ ကိစ္စပဲ။ အသေးဖွားလေးက စပြီး သူ့အပြုမူတွေ အမူကျင့်တွေကို မင်းလိုက်အတုခိုးတာမျိုး။ဥပမာ ဘောပင်အောက်ကျရင်တောင် ကန်တော့ကန်တော့ဆိုလုပ်တတ်တဲ့ မင်းက သူ့ဆီက ဘောပင်လှည့်တတ်တဲ့ အကျင့်ကိုယူပစ်လိုက်တာမျိုး။စာအုပ်တွေကို တအားရိုသေတဲ့မင်းက စာကျက်တိုင်းစာအုပ်ကြီးကို လိပ်ပြီး မိုက်လိုအော်ကျက်တာမျိုးပေါ့။
ဒီအဆင့်ရောက်နေပြီဆိုရင်တော့ မင်းချစ်တဲ့ပုံက ချစ်စရာကောင်းနေပြီ။ပြောရရင် မင်းဟာ သူ့ကို လက်ခံလိုက်ပြီ။ သူ့အပေါ်ခံစားချက်ရှိတယ်ဆိုတာမင်းကိုယ်မင်းလက်ခံလိုက်ပြီ။ပြောရရင် မင်းစိတ်ကူးနဲ့မင်းပျော်လို့ရပြီ။
"ဒါဆို ငါက Chanyeolကို ကြိုက်တယ်ဆိုတာ ငါ့ကိုငါလက်ခံလိုက်မိပြီပေါ့"
![](https://img.wattpad.com/cover/162296146-288-k726930.jpg)
ŞİMDİ OKUDUĞUN
အချစ်ဦး / အခဈြဦး S 1
Hayran KurguCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်