(Zawgyi)
နေ့ရက်တွေရဲ့ ကုန်ဆုံးမှုနှုန်းဟာ လိုက်မမှီနိုင်အောင်မြန်ဆန်လွန်းသည်။ Jun Myeonသည် နောက်ဆုံးနှစ်ရဲ့ ပထမ နှစ်ဝက်စာမေးပွဲကိုပင်ဖြေဆိုပြီးနေပြီဖြစ်သည်။
သုံးလေးလဆိုသော အချိန်သည် အမြန်ရထားတစ်စင်းမောင်းသွားသလို ရိပ်ခနဲ ကုန်သွားတတ်တာမို့ အမှတ်တရဖြစ်စရာဆိုတာကလည်း ရိပ်ခနဲ မေ့သွားစရာလောက်တွေသာ ကျန်သည်။
အရင်နှစ်တွေထက်စာရင် စာနည်းနည်းပိုလုပ်မာ် ရည်ရွယ်ချက်ထားခဲ့ပေမဲ့ တကယ်လက်တွေ့မှာ ဒုံရင်းက ဒုံရင်းအတိုင်း
Gameဆော့လိုက် Gameဆော့လိုက် ပြီးရင်ဆက်ပြီး Gameဆော့လိုက် လုပ်ရင်းသာ အခ်ျိန်ဖြုတ်ခနဲကုန်သွားပြီး စာမေးပွဲကိုလည်း ဗြုန်းခနဲ ဖြေလိုက်ရသည်။စာတွေကတော့ ရတာလိုလို မရတာလိုလို
မေးခွန်းတွေကို နားလည်တာလိုလို နားမလည်တာလိုလို
အဖြေတွေကို သိတာလိုလို မသိတာလိုလို
ဘာလိုလို ညာလိုလိုနဲ့ ဖြေတော့ပြီးသွားတာပင်။စာမေးပွဲ ပြီးလို့ ပျော်နေသလားမေးရင်တော့လည်း
ပျော်တာလိုလို မပျော်တာလိုလို နဲ့ ဟုဖြေရမည်။တကယ်လည်း Jun Myeonဟာ ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ရှုပ်ယှက်ခတ်နေသည်။
မေမေကတော့ ဒါကနောက်ဆုံးနှစ်ကျောင်းသားတိုင်း ခံစားရတဲ့ ခံစားချက်မျိုးဟုဆိုသည်။
ကျောင်းကိုခွဲခါနီး ရင်ထဲမှာ လွမ်းတာလိုလို ခံစားရတာမျိုးဟုပြောသည်။
စင်စစ် Jun Myeonက ကျောင်းကိုပြန်သတိရလေမလားလို့ တစ်ခါမှ မတွေးဖူးပေမဲ့ အတွေးနဲ့သတိရကြည့်တဲ့အခါ နည်းနည်းတော့ ဝမ်းနည်းစရာဟုထင်သည်။ကြီးကျယ်တဲ့အမှတ်တရရယ်မရှိပေမဲ့ ရက်အကြာကြီးကုန်ဆုံးခဲ့တဲ့နေရာတစ်ခုကို သံယောဇဉ်ဖြစ်နေနိုင်တယ်ဆိုတာ သံသယဖြစ်စရာတစ်ကွက်မှ မရှိနိုင်ပေ။
တခြား သူငယ်ချင်းတွေလည်း ဒီလိုပဲ ထင်ပါသည်။
ငူတူတူ ငိုင်တိုင်တိုင်နဲ့ တစ်ခါတစ်လေ လည်း အရေမရ အဖတ်မရတွေပြောပြီး ဟီးဟီးဟားဟားနဲ့ပင်။Jun Myeonကတော့ အသိစိတ်လွတ်သွားတဲ့အချိန်တိုင်း စိတ်နောက်လိုက်ရင်း Zhang Yixingဆီရောက်နေတတ်သည်။
အဲ့လိုပြောလို့ ဟာ အရမ်း အိုကေနေတာလား မေးရင်တော့ ခေါင်းခါပြရပါလိမ့်မည်။
YOU ARE READING
အချစ်ဦး / အခဈြဦး S 1
FanfictionCompleted !! သူသည် အချစ်ဦးဖြစ်သည် သူသည် အချစ်ဦးဖြစ်သည်