ဆောက်လက်စ အဆောက်အအုံများစွာရှိသောလုပ်ငန်းခွင်တစ်ခု...
စက်ပစ္စည်းအင်အားအပါအဝင် ကိုယ်စီကိုယ်ထတက်ကြွစွာအလုပ်လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်သားများ..
ပင်ပန်းသော အလုပ်ဖြစ်သော်လည်း အပြုံးအရယ်မပျက် တစ်ယောက်နဲ့တစ်ယောက်အစအနောက်မပျက် အော်ကာဟစ်ကာနဲ့ကျရာတာဝန်ကိုကျေပွန်အောင်လုပ်ဆောင်နေကြသောအလုပ်သမားများ ....ရုပ်ဆိုးအကျည်းတန်သော ဖြစ်ရပ်မဖြစ်ပွားခင်အထိ.....
ကြမ္မာငင်သော လူတစ်ယောက် ဆောက်လက်စတိုက်ပေါ်မှ မပြုတ်ချခင်အထိ....
ဖြစ်ရပ်ဆိုးကြီးတစ်ခု အသက်မဝင်လာအထိ သူတို့လဲပျော်ရွင်နေကြသလို ရာသီဥတုဟာလဲပုံမှန်နေ့တွေထက်သာယာနေခဲ့ပါတယ်.....
Sweet Lies
"luhan ရေ ပြီးမှဆက်လုပ် ထမင်းစားလိုက်ဦးနော်"
အချိန်ပိုင်းအလုပ်ဖြစ်သော စားသောက်ဆိုင်မီးဖိုချောင်သန့်ရှင်းရေးလုပ်နေရင်းနဲ့မှ ဆိုင်ရှင်အဒေါ်ကြီးက ထမင်းနှင့်ဟင်းကို သူ့အတွက်ဗန်းနှင့်လာချပေးသွားသည်။
စားသောက်ဆိုင်ဖြစ်သည့်အလျှောက် အစားအသောက်ကပေါသလို ဆိုင်ရှင်အဒေါ်ကြီးက Luhanကိုဆို အကောင်သေးတာမို့အစားအသောက်များများစားဖို့လဲတိုက်တွန်းတက်သေးသည်။
အခုလဲကြည့် လာချပေးသွားသော ဗန်းထဲတွင် အစားအသောက်တွေကအလျှံပယ်။
အခုမစားဘဲပါဆယ်ယူပါက အိမ်ပြန်ရောက်လျှင်အဖေရော သူရော စားနိုင်လောက်တဲ့အထိကိုများသည်။
Luhan တစ်ချက်ရယ်မိရင်း လုပ်လက်စအလုပ်ကိုလက်စသတ်ရသည်။ မနက်ကတည်းက ဘာမှမစားရသေးတာမို့ အမှန်အတိုင့်းပြောရလျှင်သူဆာနေပြီ။ အငမ်းမရမဖြစ်သော်လဲ တက်နိုင်သလောက်ခပ်မြန်မြန်စားဖြစ်သည်။စားနေရင်းနဲ့မှ ဘောင်းဘီထဲမှတုန်ခါလာသော phone vibration.. ...သူ့မှာ စားလက်စကိုအတင်းမြိုချကာဖုန်းပြောဖို့ပြင်ရသည်။

ESTÁS LEYENDO
Sweet Lies
Fanficချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤