တနေကုန်လျှောက်လည်ပြီးတော့အိမ်ပြန်ရောက်တော့ အချိန်က ည8နာရီထိုးတော့မယ်...။
အိမ်ရှေ့မှာဘဲ Taxi ကိုရပ်ခိုင်းလိုက်ပြီး ခြံတံခါးpass word လေးနှိပ်ကာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ၀င်လာခဲ့လိုက်သည်။appa ရုံးကမရောက်ပါစေနဲ့.🙏..။
အစည်းအဝေးရှိပြီး နောက်ကျပါစေ.🙏.။
လမ်းမှာကားပိတ်ပါစေ..🙏.။ဆုတွေတရပ်စပ်တောင်းပြီးဝင်လာခဲ့ပေမဲ့ ကံဆိုးသူ ချစ်စရာကောင်းတဲ့ကျွန်တော်အတွက်ဆုတောင်းမပြည့်ခဲ့ပါ...။
ဒါပေမဲ့ ကိစ္စမရှိ ။
appa စာကြည့်ခန်းမှာအလုပ်များနေပါစေ။🙏
appa အီးပါနေပါစေ....။🙏
appa အောက်ထပ်မှာမထိုင်နေပါစေနဲ့...🙏
.။
ဒါမှ သူဝင်လာတာမသိမိမှာ ။ဒါဆို သူရောက်တာကြာပြီဆိုပြီး ရွှီးလို့ရသည်။သို့ပေမဲ့....
** Do kyungsoo.....!!**
ဧည့်ခန်းမှာ သတင်းစာဖတ်ရင်း အကြည့်တောင်မလွဲဘဲ ခေါ်လိုက်တဲ့ အသံကြောင့် လူကထစ်ခနဲ့....။
** ဟီးးးး...appa မကောင်းဘူး...ကိုယ့်သားနှလုံးမကောင်းတာကို သိရက်သားနဲ့ အသံကျယ်ကြီးနဲ့အော်တယ်....ဟီးးးး 😭
သားလေးတစ်ယောက်ရှိတာကို တဆိတ်ရှိအော်ဖို့ဘဲ....Omma. .Omma...appa မကောင်းဘူး...ဟီးးးး 😭 **သူတခုမှလည်းမပြောရသေးခင် အသံပြဲကြီးနဲ့အော်ငိုနေတဲ့ သားကိုကြည့်ပြီး Mr.Do မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ....။
** ဟာ...ဟေ့ကောင်လေး...ငါဘာမှလည်းမပြောရသေးဘူးလေ...ဘာဖြစ်လို့အသံပြဲကြီးနဲ့အော်နေတာလဲ...**
အမလေး...မသိရင်ကိုယ်ကဘဲ ရိုက်ထားသလို...ခြေကြီးဆင်းထိုင်ပြီးအားရပါးရငိုပြနေတာ....။
နေ့လည်က သားတို့ကျောင်းအုပ်ကြီးက Do kyungsoo တို့အဖွဲ့ကျောင်းခိုးဆင်းပြန်ပြီလို့ဖုန်းပြောတာကြောင့် ...သူ့မှာမျက်နှာပူပူနဲ့ဘဲ သားကစာလည်းလိုက်နိုင် ဥာဏ်လေးလည်းကောင်းပေမဲ့ မထင်ရင်မထင်သလို ကျောင်းခိုးဆင်းတတ်တာလေးတစ်ခုကို တချက်လောက် သည်းခံ ပေးကြပါ...။ကျွန်တော်လည်းနောက်တခါ ဒီလိုမဖြစ်အောင်သေချာဆုံးမပေးပါ့မယ် ဆိုပြီး ကတိတွေအခါခါပေးလိုက်သည်။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...