မဆွတ်ခင်ကနေညွှတ်ကျနေတဲ့ ပန်းလေးကို မြတ်နိုးစွာနမ်းရှိုက်ရင်း လှည့်ပြန်ရန်တာစူနေပေမဲ့ ပန်းကလေးရဲ့ခေါ်သံအောက်မှာတုံဆိုင်းနေခဲ့ ခြေလှမ်းတွေကိုရိုက်ချိုးလိုက်ချင်ရဲ့.....အာဒံရဲ့ ချစ်စကားတွေကို ဧ၀ဘယ်လိုမူခဲ့လဲမေးချင်ပေမဲ့ မမူတဲ့အပြင် လူကိုမရိုးမရွအောင်လုပ်နေတဲ့ ဒီကောင်လေးရဲ့ ဖမ်းစားမူမှာကော သူရုန်းထွက်နိုင်ပါ့မလား...။
ခါးပေါ်မှာခွထိုင်ထားပြီး သူ့လည်မျိုလေးနားမထိတထိတိုးဝှေ့ကာ..လိုချင်တာမရလို ပူဆာနေတဲ့ အထန်လေးကို သူစိတ်ရှိလက်ရှိချစ်လိုက်ချင်ပေမဲ့...ဖြူစင်တဲ့ပန်းလေးညိုးနွမ်းသွားမှာကိုစိုးထိတ်မိပြန်သည်။
** လူကြီး....လို့...**
အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသည်မို့ လွပ်လပ်စွာပေါ်နေတဲ့ တင်းရင်းတဲ့ ရင်ဘတ်တွေကြား လက်ညိုးလေးနဲ့ အမြှောင်းလိုက်လေးဆွဲကာ...ခပ်ချွဲချွဲလေးခေါ်လိုက်တဲ့အသံလေးကြောင့် ခန္ဓာက ကိုယ်မှာရှိသမျှအကြောတွေတောင့်တင်းသွားရသလို...ပိုဆိုးလာတဲ့အသွေးအသားကြောင့်...ပြာလဲ့လဲ့မီးအရောင်တွေ ကြားပိုတောက်ပနေတဲ့မျက်ဝန်းလေးကို ငုံ့ကြည့်ပြီး ပါးမို့မို့လေးကို ရွှတ်ခနဲ့နမ်းကာ....ကပ်နေသည့်ကိုယ်လေးကို ပုံစံမပျက်ချီရင်း သူ့အခန်းကိုလိုက်ပို့ဖို့ တွေးရင်းရပ်လိုက်သည်။
** နောက်တပတ်စာမေးပွဲနော်..ကလေး..စာတွေရပြီလား..ပြော..အမှတ်မကောင်းရင် ပြန်မချစ်နိုင်ဘူးနော်..**
** အားးးး.. !!! feel ငုတ်လိုက်တာလူကြီးရာ...ဘာတွေလာမေးနေလဲမသိဘူး..တော်ပြီ...ဒီအချိန်မှာ စာအကြောင်းမေးစရာလးလို့..**
စာရပြီလားလို့မေးခါစဘဲရှိသေးတယ် ခါးမှာခွထားတာကနေ ဗြုန်းဆိုခုန်ဆင်းပြီး မျက်စောင်းတွေထိုး အရှိန်ပျက်သွားတဲ့ အထန်လေးရဲ့ဒေါသထွက်နေပုံကြည့်ပြီး အသံထွက်အောင်ရယ်လိုက်ချင်ပေမဲ့ ပိုရှက်မှာစိုးလို့ ပြုံးရုံဘဲပြုံးပြလိုက်သည်။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...