ညက ဟိုငမူးလေးကိုနေရာချပေးနရတာနဲ့ အိပ်ရာဝင်နောက်ကျကာ မနက်နည်းနည်းနောက်ကျမှ နိုးလေသည်။မျက်လုံးဖွင့်မိတာနဲ့ ပထမဆုံး အတွေးထဲဖြတ်ခနဲ့ ၀င်လာမိတာက ဟိုကောင်လေး ဟိုဖက်ခန်းမှာ အိပ်လို့ရှိပါလား..ဆိုတဲ့အတွေးနဲ့ အိပ်ရာကထကာ ဟိုကောင်လေးအိပ်နေသည့် အခန်း ဖက်သို့လျှောက်လာခဲ့ပြီး အခန်းတံခါးကိုခေါက်ကြည့်လိုက်သည်။
ဒေါက်..ဒေါက်...
အထဲကဘာတုံ့ပြန်သံမှမကြား၍ အခန်းတံခါးကိုဖွင့်ကြည့်တော့ လော့မချထားတာကြောင့် အလွယ်တကူပွင့်သွားတာမို့ အခန်းထဲဝင်လာကြည့်တော့ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့စောင်နဲ့အတူ လူကမရှိ ..။ရေချိုးခန်းများဝင်သွားလားလို့တွေးလိုက်ပေမဲ့ ရေချိုးခန်းတံခါးပွင့်နေတာကြောင့် မရှိဆိုတဲ့သဘောသက်ရောက်သွားကာ သူမကြည့်ဘဲ အောက်ထပ်ကိုများဆင်းသွားလားဆိုတဲ့ အတွေးနဲ့ အခန်းထဲကထွက်ဖို့ပြင်လိုက်ပြီးမှ ကုတင်နားက စားပွဲပေါ်က နှင်းဆီဖြူလေးတစ်ပွင့်နဲ့အတူ စာရွက်ခေါက်လေးတစ်ခုကြောင့် သူယူပြီးဖတ်လိုက်မိသည်။
** Morning my fiance.....
အပွင့် ၅၀ မြောက်မှာ U အနမ်းကိုရခဲ့တယ်ဆိုရင် ၁၀၀ ပြည့်နေ့မှာတော့ U နှလုံးသားနဲ့အသွေးအသားကိုရမယ်ထင်တယ်......
ဘာလဲ ကြောက်နေပြီမလား....😎
ဘာဘဲဖြစ်ဖြစ်
မနေ့ညကလာတဲ့အတွက် Thanks **လူကတောင့်မကျိုးတာမဟုတ် ...။စာကလည်းတောင့်မကျိုး...။
မနေ့ညကမသွားတော့ဘူးလုပ်နေပေမဲ့ သူ့ဖုန်းထဲမှာကိုယ့်ဖုန်းတစ်ခုထဲမှတ်ထားတယ်လို့ကြားလိုက်တော့ ဒီကလေးတစ်ခုခုဖြစ်သွားရင်ကော ဆိုတဲ့ ရိုးရှင်းတဲ့အတွေးတွေနဲ့လိုက်သွားခဲ့တာကို မူးတာကိုအခွင့်ကောင်းယူပြီး အတင်းနမ်းနေတာကြောင့် မနည်း ဆွဲခွာကာ အိပ်ပျော်သွားတဲ့ အဆိုးလေးကို သယ်ပြီးအိမ်ခေါ်လာခဲ့လိုက်သည်။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...