အက္ခရာ (alphabet) တွေရဲ့ဖွဲ့စည်းမှုအရ အချစ် (love) လို့ခေါ်တွင်တဲ့ ခံစားမှုဟာ ချိုသလား ? ခါးသလား ? မည်းသလား ? ဖြူသလား ? တနည်းအားဖြင့်လူတွေပြောနေကြသလို ပေးဆပ်ခြင်းလား? ရယူခြင်းလား.?
မေးခွန်းပေါင်းများစွာနဲ့ အဖြေရှာရခက်တဲ့ အခက်ဆုံးပုဒ်စာတစ်ပုဒ်ကိုတွက်နေရသလိုပါဘဲ....ကျွန်တော့်အတွက် လူကြီးရဲ့ပြောင်းလဲမှုတွေထဲက အဖြေရှာရတာဟာ..။ငယ်ငယ်တုန်းက ပုံပြင်တွေကိုသဘောတကျ နားထောင်ခဲ့ဖူးတယ်....
ကြယ်တွေကြွေရင်ဆုတောင်းလို့ရတယ် ဆိုတဲ့ ခံယူချက်ကိုဦးနှောက် သေးသေးလေးနဲ့ယုံကြည့်ခဲ့ဖူးတယ်....ရယ်စရာတော့အကောင်းသား...
အခုလို အရွယ်ရောက်ပြီး ကြယ်ကြွေတာဟာ ဥက္ကာခဲတွေကြွေတာပါလို့ သိလာသည့်တိုင်
တစ်ခါခါကြယ်ကြွေတာကို ကြုံဆုံသည့်အချိန်တိုင်း ဆုတောင်းနေမိတာ အစွဲအလမ်းတစ်ခုလို့ပြောရမလား မသိပေမဲ့ မပြည့်သေးတဲ့ဆုတစ်ခုအတွက် ကျွန်တော်ဆုတောင်းနေအုံးမှာပါ....
လူကြီး အချစ်ကို ပိုင်ဆိုင်ရဖို့အတွက်ပေါ့...*•*•*•*•*•*•*•*•*•*•*•
** လာ...ကလေး..ဒါကို့အိမ်....**
နန်းတော်တမျှခမ်းနားလွန်းသည့် အိမ်ကြီးကိုကြည့်ပြီး ဘာဖြစ်လို့ ခြေလှမ်းတွေတုံ့ဆိုင်းနေရလဲမသိ.....။
မျက်စိတမှိတ်အတွင်းမှာ ကံကြမ္မာ အလှည့်အပြောင်းကသူ့အတွက်မြန်ဆန်လွန်းလှသည်။
ပညာမစုံသေးဘဲ လူ့လောကအလယ်မှာ မျက်စိသူငယ် နားသူငယ် နဲ့ လူကြီးမျက်နှာတစ်ခုတည်းကိုဘဲကြည့်ပြီးကျန်ခဲ့မိတဲ့ ကျွန်တော့်ဘ၀....။appa ရုတ်တရက်ကွယ်လွန်ကတည်းကနေ တီတီလေးက သူ့စုထားတဲ့ အတွင်းပစ္စည်းတွေနဲ့ ဘဏ်ကငွေတွေအားလုံးကို သူ့ဆီအပ်ပြီး သာ့သနာဘောင်ကို သီလရှင်အဖြစ်ထာဝရ၀င်သွားခဲ့လေပြီ...။
ဒုတိယအကြိမ် စိတ်အားငယ်မိပေမဲ့ သူတားရင်ရလောက်ပေမဲ့ မတားချင် ။
သူစိတ်ချမ်းသာသလို နေပါစေတော့လို့ သူကြည်ဖြူစွာ ခွင့်ပြုပေးခဲ့သည်။
လူကြီးကတော့ ကျွန်တော့်အတွက်စိတ်မပူဖို့ အထပ်ထပ်ကတိပေးရင်းနဲ့ အခုလူကြီးနေတဲ့အိမ်ကို ခေါ်လာခဲ့တာဖြစ်သည်။
ESTÁS LEYENDO
Heart's Confession (completed) (Zawgyi&uni)
Fanficအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...