** မင်းပြောတာသေချာလား..****..........**
**ငါမသေချာတာမလိုချင်ဘူး...**
**........**
** အိုကေ...ဒီကိစ္စကို တိတ်တဆိတ်သေချာစုံစမ်းခဲ့...ပြီးတော့ . . .သူမရိပ်မိစေနဲ့...**
~*~*~*~*~*~*~*~*~*
ချောက်.....
ညည့်ဦးယံအချိန် တိတ်ဆိတ်နေတဲ့ အနေအထားက တံခါးဖွင့်သံသဲ့သဲ့ကြောင့် အိပ်မောကျနေရင်းဖျတ်ခနဲ့ ပွင့်သွားခဲ့တဲ့မျက်လုံးတွေနဲ့ဘေးကိုဖျတ်ခနဲ့စမ်းကြည့်လိုက်မိပေမဲ့ ဘေးကအေးစက်နေတဲ့နေရာကြောင့် မျက်လုံးတွေပိုဝိုင်းသွားရသည်။
ကိုကို....ဘယ်သွားတာပါလိမ့်....။
အခန်းထဲညအိပ်မီးရောင်ပြာလဲ့လဲ့ကြောင့် အခန်းထဲမှာ အလင်းရောင်နည်းနည်းလေးရှိလေသည်။
သူချက်ချင်း အိပ်ရာကလူးလဲထလိုက်ပြီး ကုတင်အောက်မှာပြန့်ကြဲနေသည့် အ၀တ်အစားတွေကိုကောက်ပြီးဝတ်နေတုန်း ၀ရံတာဖက်ထွက်သည့်တံခါးက မသိမသာဟနေတာကြောင့် အင်္ကျီဝတ်တာကို လက်စသပ်ပြီး ၀ရံတာဖက်ဆီခြေလှမ်းတို့ဦးတည်ခဲ့လေသည်။
ကိုကို...အိပ်မရလို့..အပြင်ထွက်ထိုင်နေတာများလား..??
အတွေးတွေနဲ့ချည်းကပ်လာမိနေတဲ့ခြေလှမ်းတွေကတံခါးအနီးအရောက် ဖုန်းပြောနေသည့်ကို့ရဲ့ စကားသံတိုးတိုးတွေကြား မထင်မှတ်ဘဲရပ်လိုက်မိကာ နားစိုက်ထောင်လိုက်မိသည်။တဖက်ကဘာတွေပြောနေတာကြောင့် ဒီလောက်စိတ်ရှုပ်နေတဲ့ပုံပေါက်နေမှန်းမသိပေမဲ့ ကြည့်ရတာတော်တော် အရေးကြီးတဲ့ပုံ..။
ဖုန်းချသွားသည့်တိုင် အခန်းထဲမ၀င်လာသေးဘဲ ကြယ်သီးမတပ်ထားသည့်ရှပ်အင်္ကျီနဲ့အတူ စတိုင်ပန် အနက်ရောင်ကို ကပိုကရိုဝတ်ထားသည့် ကိုကိုက တရေးနိုးမှာတောင်ဆွဲဆောင်မှုရှိလွန်းနေတယ်မလား....။** ကိုကိုးး.....**
** ဟင်....က..ကလေး...ဘယ်အချိန်ကနေရောက်လာတာလဲ...**
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...