Part (24)

2.6K 236 39
                                    


Flash back start,

တောင်းပန်​ပါတဲ့လား ကိုကို....
တကယ်​ဆို မဟုတ်​ဘူးလို့လိမ်​ရမှာ....
ကိုကို့စကားဆို မုသားမှန်းသိ​တောင်​ သည်းငယ်​ ယုံတယ်​ဆိုတာ ကိုကိုသိရက်​နဲ့....။

မုန်းတယ်​...မုန်း​တယ်​...ခင်​ဗျားကိုအရမ်းမုန်းတယ်​......
အရမ်းမုန်းတဲ့လူဆီက​နေထွက်​​ပြေးလာရက်​သားနဲ့ မ​ပျော်​ရွှင်​ဘဲ နာကျင်​​နေတဲ့ ကျွန်​​တော့်​နှလုံးသားကို​ကော မုန်းတယ်​ ကိုကို....။

Appa...ကျွန်​​တော်​မသိခဲ့ဘူး...
ဒီတစ်​​ယောက်​တည်းရှိတဲ့သားက​လေ အချစ်နွံ​​ထဲမှာ ရုန်းကန်​ရင်းနဲ့ အ​ဖေရဲ့အခက်​အခဲ​တွေကိုမရိပ်​ခဲ့တာ​တောင်​မက အ​ဖေ့ကိုအဲလိုဖြစ်​​စေခဲ့တဲ့လူကိုပါ ကျွန်​​တော့်​ဘ၀တစ်​ခုလုံးကိုပုံ​ပေးမတတ်​ချစ်​​ပေးခဲ့တာ ...။

သေမင်းက appa အစား ကျွန်​​တော့်​ကို​ခေါ်သွားရမှာ...။
ဒီအမှတ်​မရှိတဲ့ သားကို​ခေါ်သွားရမှာ....။

ကားကိုအကြမ်းပတမ်း​မောင်းရင်း မျက်​ရည်​​တွေနဲ့ေ၀၀ါး​နေတဲ့ မျက်​မှန်​ကို ဆွဲချွတ်​လိုက်​ကာ ကားကို လမ်း​ဘေးထိုးရပ်​ထားလိုက်​သည်​။

ငိုလွန်းအားကြီးလို့ ဆို့တက်​လာတဲ့ရင်​ဘတ်​ကိုလက်​နဲ့ဖိပြီး ​ဝေဒနာနှစ်​ခုလုံးကိုတပြိုင်​နက်​ ခံစားရတဲ့ နာကျင်​မှုက​ နိုင်းစရာစကားရှာမ​တွေ့....။

စိတ်​​တွေငြိမ်​သက်​လာ​အောင်​ကြိုးစားရင်း ကား​ပေါ်ပြန်​တက်​ကာ ဟန်​မြစ်​နားကို​မောင်းလာခဲ့သည်​။

ကန်​​ရေပြင်​ကိုအဓိပ္ပါယ်​မဲ့စွာစိုက်​ကြည့်​ရင်း သူ​တွေးမိတာတစ်​ခုဘဲရှိတယ်​......
ပူ​လောင်​မှု​တွေချုပ်​ငြိမ်းဖို့ ​အေးချမ်းတဲ့​နေရညတစ်​ခုကို သူသွားချင်​တယ်​....
ကိုကိုကို့မချစ်​​တော့မဲ့နှလုံးသားတစ်​စုံနဲ့​မာ​ကျောတဲ့ နှလုံးသားအသစ်​တစ်​ခုနဲ့ ဘ၀သစ်​တစ်​ခု ..... ။
သူအသက်​ရှုသံ​တွေကို ရပ်​တန့်​လိုက်​ချင်​လိုက်​တာ....။

ဘယ်​​နေရာကြည့်​ကြည့်​သူ့မျက်​နှာကိုမြင်​​ယောင်​​နေတဲ့ မျက်​လုံး​တွေကို​ဖောက်​ပစ်​လိုက်ချင်​တယ်​....။

Heart's Confession (completed) (Zawgyi&uni)Where stories live. Discover now