** Hun....!! **ပုခုံးပေါ်မေးစေ့လေးတင်ကာတိုးတိုးလေး လေးခေါ်လာသံတိုးတိုးလေးကြောင့် sehun ဘေးတစောင်းလေးလှည့်ကြည့်ကာ ဘာပြောမလို့လဲဆိုတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်သည်။
** ကျွန်တော့်ကို ဘယ်နှစ်နှစ်ထိတွဲဖို့စိတ်ကူးထားလဲ.....**
baekhyun ရဲ့ထူးဆန်းတဲ့အမေးကြောင့် လူချင်းခွာကာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး..
** ဘယ်လိုမေးလိုက်တာလဲ baby ..baby ကို ကို ဘယ်လောက်ချစ်လဲဆိုတာ သိရက်နဲ့ ဒီလို မေးခွန်း မျိုးမေးရတာလဲ...ဟမ်...**
မျက်နှာကြီးနီရဲနေကာ ဒေါသသံလွှမ်းနေတဲ့ sehun ပုံစံကြောင့် baekhyun ပြောတဲ့စကားမှားသွားမှန်းသိလေသည်။
ှချစ်သူဖြစ်တာသိပ်မကြာသေးပေမဲ့ ကျောင်းမတူတဲ့အပြင် သာမာန်ထက်ခန့်ညားလွန်းတဲ့ sehun အနား အရောင်အသွေးစုံတဲ့ကောင်မလေးတွေက ပုံစံအမျိုးမျိုးနဲ့ချည်းကပ်နေကြတာကို သူငြင်းနေပေမဲ့ တချိန်ချိန်မှာ ပါမသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ...။
မိန်းမတစ်ယောက်ရဲ့အလှပတွေကြားမှာ သူနောက်ဆုံးတွယ်ငြိသွားရင်ကော...။ကိုယ်ကယောက်ကျားလေးဖြစ်တဲ့အပြင်....သာမာန်ထက်မထူးခြားတဲ့ရုပ်ရည်နဲ့ ပုံမှန်ကောင်လေးတစ်ယောက်သာသာ..။
ဒါသူစိုးရိမ်မိတာ လွန်လို့လား....။** ဘာဖြစ်လို့အော်တာလဲလို့....ကျွန်တော်က ယောက်ကျားလေးလေ...ခင်ဗျားလိုအဖက်ဖက်ကပြည့်စုံလွန်းတဲ့ယောက်ကျားလေးတစ်ယောက်က ကျွန်တော့်ကို တစ်ဘ၀လုံးအတွက်လက်တွဲမယ်ဆို ဖြစ်ပါ့မလား...အခုတောင် ဒီအတိုင်း စိတ်ပြေလက်ပျောက်ကစားနေတာမလား...**
** မင်း..မင်း..ငါ့အချစ်ကိုစော်ကားတာ သိပ်ကိုများနေပြီ baekhyun...မင်းကိုသိပ်ချစ်လို့ လက်ညိုးထိုးမဲ့ပတ်ဝန်းကျင်ကိုလျစ်လျူရှုပြီး မင်းအနားကိုရောက်လာခဲ့တာက မင်းအမြင်မှာ တော်တော်ရီစရာကောင်းနေလား..ဟုတ်လား Byun baekhyun...**
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...