မနက်မိုးလင်းကတည်းကနေ ၀တ်ဖို့အ၀တ်ရှာနေတာ အခုထက်ထိစိတ်တိုင်းကျမတွေ့နိုင်သေး။
ဘီဒိုတစ်ခုလုံးလည်း မွစာကျဲနေလေပြီ...။
မနေ့ညက လူကြီးဖုန်းဆက်တယ်လေ....။
စာမေးပွဲပြီးလို့ ကစားကွင်းလိုက်ပို့မယ်တဲ့..။
ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့ ...။
သူနဲ့လူကြီးရဲ့ပထမဆုံး date မဟုတ်လား..။
date လုပ်ရအောင်လို့မပြောပေမဲ့...မသိဘူး ကိုယ့်ဘာသာကို အဲလိုဘဲတွေးလိုက်ပြီ အဟိ...။မနက် 9 နာရီကျောင်းရှေ့မှာစောင့်နေဖို့ခိုင်းထားသည်။
အိမ်ကလူတွေကိုတော့ beakhyun တို့နဲ့ ကစားကွင်းသွားမယ်ပေါ့....။
အင်္ကျီရွေးရင်းအချိန်ကနီးလာတော့ နောက်ဆုံး ဂျင်းအနက်ဘောင်းဘီလေးပေါ်ကအနီရောင်တီရှပ်ဝတ်ပြီးတော့မှ အပေါ်က ဂျာကင်အနက်လေးဝတ်လိုက်တော့ နည်းနည်းတော့လူကြီးဆန်သွားသယောင်...။
သူနဲ့လူကြီး တွဲသွားရင်သားအဖလို့တော့ အထင်မခံရအောင် သူပုံစံက ကလေးရုပ်ထွက်မနေဖို့သာအဓိကမလား....။ကျောင်းရှေ့သူရောက်သွားတော့...အနက်ရောင်ပြိုင်ကားလေးဘေးမှာ လက်ပိုက်ပြီးရပ်နေတဲ့ လူကြီး.....။
သူ့လိုဘဲဂျင်းအနက်လေးကို လည်သာကုတ်နဲ့တွဲဝတ်ထားကာ မျက်မှန်တပ်ထားသည့် လူကြီးပုံက နှစ်ဆယ်ကျော်လူငယ်တစ်ယောက်လို လန်းဆန်းနေသည်။
** ကိုယ်မျက်နှာမှာ ဘာပေနေလို့လဲချာတိတ်.....**
** အာ.....မ..မပေပါဘူး...ဟို..လူကြီးကအရမ်းချောလို့ ငေးခနဲ့ဖြစ်သွားတာ....ဟီးးးး 😊**
** မြှောက်တယ်နော်...ကိုယ်ကောင်းကင်နဲ့တက်ဆောင့်မိတော့မယ်....**
သူ့ခေါင်းကဆံပင်လေးတွေကိုဖွပြီး ပြောလိုက်တာကြောင့် နွေးခနဲ့ဖြစ်သွားတဲ့ရင်ခုန်သံလေးနဲ့အတူကြည်နူးစွာပြုံးလိုက်မိသည်။
** ကျွန်တော်က တကယ်ပြောတာကို....**
** အေးပါကွာ...ဒီနေ့တော့ ကိုယ့်ကိုချောတယ်လို့ပြောထားတဲ့ကောင်လေးကို ကစားကွင်းလည်းလိုက်ပြပေးမယ် အရသာရှိတာတွေလည်းအများကြီးဝယ်ကျွေးမယ်...နော်..ကဲတက်ပါ..မင်းသားလေး...**
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...