နေ့လည်စာစားချိန်ဖြစ်၍ ဆေးကျောင်းကန်တင်းမှာ ကျောင်းသူကျောင်းသား တရုန်းရုန်းနဲ့ နေ့လည်စာအတွက် တန်းစီနေကြသည်။ထိုလူတွေထဲမှာ တတိယနှစ်ကျောင်းသားတွေဖြစ်ကြတဲ့ beakhyun နဲ့ Chen လည်း အပါအ၀င်။ ကျောင်းကန်တင်းက ဘူဖေးစနစ်ဖြစ်တာမို့ ပန်းကန်တချပ်မှာ ကိုယ်စားချင်တာတွေပြွတ်သိပ်နေအောင်ထည့်ပြီး ဟင်းရည်ထည့်ပေးနေတဲ့ Arjuma အနားအရောက်** Arjuma ဒီနေ့ ဘာဟင်းရည်လဲ **
beakhyunနဲ့ chen Arjuma နောက်က အငွေ့တထောင်းထောင်းထွက်နေသည့် ဟင်းရည်အိုးကိုခြေဖျားခေါက်ကာ မျှော်ကြည့်ရင်းမေးလိုက်သည်။
** ဒီနေ့သားတို့အကြိုက် ကင်ချီပင်လယ်စာဟင်းရည် သောက်မယ်မလား..**
ဒီကန်တင်းမှာ တစ်လမှာမှတစ်ခါပါတဲ့ ပင်လယ်စာနဲ့ချက်တဲ့ကင်ချီဟင်းရည်က တော်တော်ကောင်းတာ သိတာကြောင့် သရေတွေကိုသိမ်းပြီး နှစ်ယောက်ပြိုင်တူ ခေါင်းညိတ်လိုက်သည်။
ပြီးတော့ နှစ်ယောက်အတူတူ ပြည့်လျှံနေတဲ့ပန်းကန်တွေသယ်ပြီး နေရာလပ်တစ်ခုမှာထိုင်လိုက်ကြသည်။
နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး ဗိုက်ဆာဆာနဲ့ စကားတောင်မပြောနိုင်စားကြပြီးမှ..** အား...အခုမှဘဲ ၀မ်းမီးငြိမ်းသွားတော့တယ်...**
ပါးစပ်နားတ၀ိုက်ပေနေတာကို တစ်ရှုးနဲ့သုတ်လိုက်ပြီးပြောလိုက်တဲ့ Chen စကားကို နှာတရှုံ့ရှုံ့လုပ်ရင်း beakhyun ခေါင်းညိတ်လိုက်တာ ...
** ငါဆို နောက်ဆုံးဆရာအချိန်ဘာတွေသင်သွားမှန်းတောင်မသိလိုက်ဘူး ဗိုက်ဆာလွန်းလို့ မျက်စိထဲ စားစရာတွေဘဲမြင်ယောင်နေတာ..**
** ဟုတ်ပါ့ကွာ ဒီလောက်ပင်ပန်းမှန်းသိရင် ဆေးကျောင်းတက်ဖို့မရွေးခဲ့ပါဘူး...အခုဆိုကြည့် အတန်းကြီးလာလေ စာများလာလေ သူများကိုမကုခင် ကိုယ်အရင်သေမဲ့ကိန်း..ဟူး မလွယ်ပါဘူး..**
CZYTASZ
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...