ဘုတ်.....💥လူနာမှတ်တမ်းဖိုင်ကို ခုံပေါ်ကိုအသံမြည်အောင်ပစ်ချလိုက်ရင်း ဆုံလည်ကုလားထိုင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ဆယ်ထပ်အထက်မြင့်သော ရုံးခန်းကနေ ဆိုးလ်တစ်မြို့လုံးရဲ့လှပမှုကို မျက်စိတဆုံးမြင်တွေ့နိုင်ပေမဲ့ မျက်စိရှေ့ရောက်နေတဲ့ အလှအပတွေကိုမခံစားနိုင်လောက်အောင် ရင်ထဲကမီးကပူလောင်ပြင်းပြလျက်ရှိနေတာက ဒီဆေးရုံရဲ့ဆက်ခံသူဖြစ်လာမဲ့ Dr. Choi eunwoo..။ရုပ်ရည်ကော ပညာအရည်အချင်းကောပြောစရာမလိုလောက်အောင်ပြည်စုံလွန်းတဲ့ ဆက်ခံသူဆရာဝန်တစ်ယောက်ရဲ့နံဘေး အရွယ်စုံတဲ့ အလှပဂေးလေးများလည်းပေါများသလို သမက်တော်ချင်နေသည့် အသိုင်းအ၀ိုင်းကြီးများကလည်း အလုအယက်ရွှေလမ်းငွေလမ်းဖောက်လျက်....။
ဒါပေမဲ့ မကြာမှီသေးခင်ကဘဲ..သူ့ရဲ့ ချစ်သူကိုချပြခဲ့သလို သူလက်ထပ်မယ်အထိရည်ရွယ်ထားတဲ့ချစ်သူက အများမျှော်လင့်ထားသလို မိန်းကလေးတစ်ယောက်မဟုတ်ခဲ့သည့်အပေါ် သို့လောသို့လော ဆိုတဲ့ကောလဟလတွေကြား သူကအေးဆေးဖြစ်နေခဲ့သလို သူ့မိဘကိုယ်တိုင်ကလည်းသဘောတူပြီးသားဖြစ်နေတာမို့ လူချမ်းသာတို့ထုံးစံအတိုင်း အကောင်းဖက်တွေးကာ သိပ်အရေးတယူမပြောဖြစ်ကြတော့...။
အတွေးကိုရပ်ပစ်ဖို့ မျက်လုံးတွေကိုစုံမှိတ်ချလိုက်ပေမဲ့ သူမဟုတ်တဲ့တစိမ်းတစ်ယောက်ရဲ့ရင်ခွင်မှာ ပါသွားတဲ့ သူ့ပုံရိပ်ကိုမြင်ယောင်မိတိုင်း
ဆစ်ခနဲ့နာကျင်သွားတဲ့ နှလုံးသားလေးက သူ့ကိုဟားတိုက်လို့....။မင်းကိုပေးထားတဲ့ ရက်တစ်ရာမြန်မြန်ပြည့်ချင်ပြီကလေးရေ...။
အဲဒီရက်တွေမှာ ကိုယ်ဘယ်လိုအသက်ရှင်နေလဲဆိုတာမင်းသိရက်နဲ့ကွာ....။မြန်ုမြန်လက်ထပ်ပီး အမေရိကကို ပြန်ကြရအောင်ကလေးရာ....။
မင်းစိတ်ကိုယိုင်နဲ့စေတဲ့ အငွေ့အသက်ရှိတဲ့ ဒီအရပ်မှာကိုယ်မနေချင်သလို မင်းကိုလည်းဒီထက်ပိုပြီး ဟိုလူနဲ့ပတ်သက်ပြီး ချစ်တာရော မုန်းတာရော ဘာဆိုဘာခံစားချက်မှမရှိစေချင်တော့ဘူး....။
VOUS LISEZ
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...