ကုတင်ပေါ်မှာမှောက်လိုက် လဲလိုက်...။ခဏနေရင်ထပြီး လမ်းလျှောက်လိုက်နဲ့
ဂနာမငြိမ်ဖြစ်နေတဲ့ကျွန်တော့်ကို အိပ်ခန်းတာင့်မှာအစာဝပြီး ခွေနေတဲ့meokmul က မျက်လုံးပြူးကြီးနဲ့ထိုင်ကြည့်နေလေရဲ့..။ကျွန်တော့်ကြောင့် သူအိပ်မရဖြစ်နေတယ်ပေါ့..အဲလိုမျက်နှာထားနဲ့ ...။
Meokmul ရေ ဒီနေ့သည်းခံပါကွာ...။
ငါတကယ်...စိတ်တွေယောက်ယက်ခတ်နေလို့ပါဆို....။စိတ်ကယောက်ယက်ခတ်နေပေမဲ့
မနက်ကအဖြစ်အပျက်လေးကိုတွေးပြီး ရင်ခုန်လာရပြန်တယ်....။
ကျွန်တော့်ရင်ခုန်သံလေးကိုနားထောင်လို့အပြီး ဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားတဲ့ လူကြီးရဲ့ကျောပြင်ကြီးကိုကြည့်ပြီး ၀မ်းနည်းတကြီးအော်ငိုမိသည်။
ဘာကိုမှန်းမသိဘဲ အောင့်တက်လာတဲ့ရင်ဘတ်က ဆိုးဆိုးဝါးဝါးနာကျင်နေသလို....။ကျွန်တော့်ကို ဒီလိုပရမ်းပတာဖြစ်အောင်လုပ်ပြီးမှ ဘာအဆက်အသွယ်မှမလုပ်တာတော့နည်းနည်းလွန်တယ် လူကြီး...။
ညတိုင်းအိပ်ခါနီးအချိန်မှာ message လေးတစ်စောင်ရောက်ရောက်လာတဲ့ ဖုန်းလေးက ဒီနေ့ကျတော့တိတ်ဆိတ်လို့......။
နက်ဖြန်လစဉ်စာမေးပွဲရှိပေမဲ့ စာကျက်လို့မရနိုင်ဖြစ်နေသည့် သူ့ကိုယ်သူလည်း စိတ်တိုမိသည်။
စာရေးခုံပေါ်မှာတင်ထားတဲ့ဖုန်းလေးကိုလည်း ကိုင်ကြည့်လိုက်ပြန်ချထားလိုက် လုပ်နေတာအခါတစ်ရာရှိပြီလားမသိ....။
ဝုတ်..၀ုတ်..၀ုတ်...
Meokmul တို့စိတ်မရှည်လို့ဟောင်ပြီ....။
** Meokmul ရာ မင်းကလည်း ဒီနေ့တရက်တော့သီးခံပါနော်...မင်းဟိုဖက်ခြံက ခွေးဖြူမလေးကိုသွားကြောင်တဲ့အခါငါကူညီပေးမယ်လေကွာ..နော်....**
အောင်မာ...ခွေးစုတ်ကလေး...ဟိုဖက်ခြံကခွေးမလေးဆိုတာနဲ့ နားလည်သွားသလို ချက်ချင်းငြိမ်ကုတ်လို့...။ကိုယ်သာမဲတာ ဖြူတာတော့ကြိုက်ရှာသား ငါ့ကောင်ကြီးက.😏...။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...