** ကိုကိုး.....**သံရှည်ဆွဲကာခေါ်လိုက်တာကြောင့် ပါး စပ်ထဲဝင်မဲ့ဆဲဆဲပုဇွန်က လွတ်ကျသွားတာ ပန်းကန်ပေါ်မှာဖတ်ခနဲ့...။
ဒီလိုအသံမျိုးနဲ့ခေါ်ရင် အလိုလိုနေရင်းကို ကျောက စိမ့်တက်လာကာဖျားချင်သလိုလို အိမ်သာသွားချင်သလိုလိုဖြစ်လာတာကြောင့်..
တံတွေးကိုဘဲမျိုချလိုက်ကာ...မျက်လွှာပင့်ပြီး...မေးဆတ်ပြလိုက်သည်။** ဟွာလေ...တကယ်တော့လေ..သည်းငယ်ကလေ..ကိုကိုဆူမှာစိုးလို့...**
ခုံကနေထလာပြီး သူပေါင်ပေါ်ဘေးတစောင်းလေးထိုင်ကာ ကြယ်သီးလေးတွေ့ဆော့ရင်း
ပြောလာတဲ့ ခပ်ချွဲချွဲစကားကြောင့်..** ဆူရမဲ့ကိစ္စလုပ်ထားရင်တော့ ဆူရမှာပေါ့...**
** အာ..ကိုကိုမကောင်းဘူး...တကယ်ဆိုဆူရမဲ့ကိစ္စလုပ်ထားတောင် ချစ်လို့ဆိုပြီးမဆူပါဘူးပြောရမှာ..TV မှာလာတဲ့ drama တွေမှာဆိုအဲလိုပြောတာ.....**
ခြေလေးဆောင့်နူတ်ခမ်းတစ်တောင်လောက်စူထွက်လာကာ...ဘာအကြောင်းမှန်းမသိပေမဲ့ အဆူမခံရဖို့ ဆိုးနေတဲ့ကလေးဆိုးလေး။
TV drama ထဲကလို ကပါသေး..။** ကဲပါ..ပြော..ပြော..ကိုမဆူဘူးနော်..**
** သေချာလား...လူကြီးကတိနော်..**
လက်သန်းလေးထောင်ကာ ကတိတောင်းနေတာကြောင့် သူ့လက်သန်းလေးကိုပြန်ချိတ်ကာ ကတိပေးလိုက်ပြီးမှ မျက်လုံးလေးတွေပိတ်သွားတဲ့အထိ ရယ်ပြလာလေသည်။
** ဟိုလေ...မနက်ဖြန်လေ ကျောင်းကခရီးသွားကြမှာ အဲဒါ လိုက်သွားချင်လို့...အရင်ကလည်း ကျန်းမာရေးမကောင်းတော့ မလိုက်ရဘူးလေ..ဒီနှစ်ကနောက်ဆုံးဆိုတော့ လိုက်သွားချင်လို့..နော်..**
** ဘာ.....ခရီး...ဟုတ်လား ချာတိတ် **
သူ့စကားဆုံးတာ မျက်လုံးကြီးပြူးကာအော်လိုက်တာကြောင့် လန့်သွားရတာထက်...သည်းငယ်ကနေ ချာတိတ်လို့စိမ်းစိမ်းကားကားကြီးခေါ်လိုက်တော့ ၀မ်းနည်းစိတ်ကလှိုက်ခနဲ့တက်လာကာ ချက်ချင်းဝေ့သီလာတဲ့မျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ESTÁS LEYENDO
Heart's Confession (completed) (Zawgyi&uni)
Fanficအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...